မံစီရဲစခန်း ​ကေအိုင်​အေ ဝင်ပစ်လို့ မြို့နယ် ရဲမှူးသေ

ဗန်း​မော်ခရိုင် မံစီမြို့နယ် ရဲစခန်းအား ကေအိုင်​အေမှ ဝင်​ရောက်ပစ်ခတ်ရာ ​နေအိမ်ကို  လက်နက်ကြီး ထုခံရပြီး  ​သေဆုံးသွားတဲ့ မြို့နယ်ရဲမှူး   ဟိန်းထက်

May 3 - Kachinwaves 

ယ​နေ့ည ၈နာရီ ကျော်က ဗန်း​မော်ခရိုင် မံစီမြို့နယ် ရဲစခန်းအား ကေအိုင်​အေမှ ဝင်​ရောက်ပစ်ခတ်ရာလက်နက်ကြီးထိပြီး မြို့နယ်ရဲမှူး   ဟိန်းထက်သေဆုံးသွား​ကြောင်း သတင်းရရှိသည်။ 

" လက်နက်ကြီးနဲ့ အိမ်ကို ထုခံရပြီး ​သေသွား တာတဲ့။ 

သူ့ကို ပဲ ဦးတည်ပြီး လာပစ် သွား တာ" ဟု ​ဒေသခံတစ်ဦးကဆိုသည်။ 

စခန်းမှူးမင်းမင်းလည်း ဒဏ်ရာရရှိ​ကြောင်း ​ဒေသခံ​များက​ပြောသည်။ 

လက်ရှိချိန်ထိ လက်ကြီးသံ​များ တစ်ချက်တစ်ချက် ကြား​နေရ​သေး​ကြောင်းလည်း ​ဒေသခံ​များက​ ပြောသည်။


Kachinwaves

https://www.facebook.com/kachinwavesnews/ 

မံစီရဲစခန်း ​ကေအိုင်​အေ ဝင်ပစ်လို့ မြို့နယ် ရဲမှူးသေ မံစီရဲစခန်း ​ကေအိုင်​အေ ဝင်ပစ်လို့ မြို့နယ် ရဲမှူးသေ Reviewed by THITHTOOLWIN on 07:25 Rating: 5

No comments:

Powered by Blogger.