ရဟတ်ယာဥ်ပစ်ချခံရပြီး​​​နောက် စစ်​ကောင်စီလက်နက်ကိုင်များ၏ လက်လွတ်စပယ် ပစ်ခတ်​သည့် လက်နက်ကြီးထိမှန်ပြီး ပျံလွန်​​​တော်မူသွားသည့် ဘုန်းကြီးနှင့် ပြည်သူနှစ်ဦး။




May 3 - Kachinwaves

ရဟတ်ယာဥ်ပစ်ချခံရပြီး စစ်​ကောင်စီလက်နက်ကိုင်​များသည် လက်နက်ကြီး​များဖြင့် ကျေးရွာများသို့ ရမ်းပစ်သည့်အတွက် ကုန်း​လော ဘုန်းကြီး​ကျောင်းသို့ လက်နက်ကြီး နှစ်လုံးကျပြီး ဘုန်းကြီးတစ်ပါးပျံလွန်​​တော်မူပြီး ပြည်သူနှစ်ဦး​သေဆုံးကာ ၉ ​ယောက် ဒဏ်ရာရရှိခဲ့သည်။ 

"လက်ရှိချိန်ထိ ဆုံးတာ ၃ ​ယောက်။ အသက် ၅၀ အရွယ် အမျိုးသားနှစ်​ယောက် ​သေဆုံးပြီး ကျောင်းထိုင်ဘုန်းကြီးတစ်ပါးပျံလွန်​​​တော်မူတယ်။ လက်နက်ကြီးက နှစ်ခုကျတာ တစ်ခုက မ​ပေါက်ကွဲ​သေးဘူး ခုထိရှိတယ်။"ဟု ​ဒေသခံတစ်ဦးကဆိုသည်။

ဒဏ်ရာရသည့် က​လေးငယ်များလည်း ဒဏ်ရာစိုးရိမ်ရပြီး ခွဲစိတ်ခန်းဝင်​နေ​ကြောင်း ဆိုသည်။ 

ဆုံးသွားတဲ့အမျိုးသား နှစ်ဦးကို မီးသဂြိုလ်ခဲ့ပြီး ဘုန်းကြီးကို​​​ လည်း မနက်ဖြန် မီးသဂြိုလ်မည်ဟု သိရသည်။ 

မိုးမောက်မြို့နယ် ကျေးရွာများမှ စစ်ကောင်စီလက်နက်ကိုင် တပ်များ လက်နက်ကြီးများဖြင့် ပစ်ခတ်သောကြောင့် ပြည်သူများ လက်နက်ကြီးထိမှန်ပြီး  သေဆုံးသူ ယ​နေ့ ၃ဦးအပါအဝင် ၈ဦးထိရှိလာပြီ ဖြစ်သည်။


Kachinwaves

https://www.facebook.com/kachinwavesnews/

ရဟတ်ယာဥ်ပစ်ချခံရပြီး​​​နောက် စစ်​ကောင်စီလက်နက်ကိုင်များ၏ လက်လွတ်စပယ် ပစ်ခတ်​သည့် လက်နက်ကြီးထိမှန်ပြီး ပျံလွန်​​​တော်မူသွားသည့် ဘုန်းကြီးနှင့် ပြည်သူနှစ်ဦး။ ရဟတ်ယာဥ်ပစ်ချခံရပြီး​​​နောက် စစ်​ကောင်စီလက်နက်ကိုင်များ၏ လက်လွတ်စပယ် ပစ်ခတ်​သည့် လက်နက်ကြီးထိမှန်ပြီး ပျံလွန်​​​တော်မူသွားသည့် ဘုန်းကြီးနှင့် ပြည်သူနှစ်ဦး။ Reviewed by THITHTOOLWIN on 19:29 Rating: 5

No comments:

Powered by Blogger.