လေတပ်ဌာနချုပ်တွေက အဆက်သွယ်မရတဲ့အရာရှိစစ်သည် ၈၀နီးပါးရှိ



တပ်မတော်လေတပ်ဌာနချုပ်တွေက အရာရှိစစ်သည် ၈၀ နီးပါး တပ်ကနေထွက်ပြီး အဆက်အသွယ်မရဖြစ်နေတယ်လို့ တပ်မတော်လေနဲ့နီးစပ်သူက ဒီဗွီဘီသတင်းဌာနကို အတည်ပြုပြောဆိုပါတယ်။ 

အခုတပ်မတော်လေက ထွက်သွားတဲ့ အရာရှိစစ်သည်တွေဟာ မန္တလေး တံတားဦး၊ နမ့်ဆန်၊ မြစ်ကြီးနား၊ပုသိမ်၊မင်္ဂလာဒုံနဲ့ တောင်ငူလေတပ်တွေက တပ်မတော်သား တွေဖြစ်တယ်လို့ဆိုပါတယ်။ လေတပ်ဌာနချုပ်တွေမှာ ရှိနေတဲ့တပ်မတော်သားတွေအနေနဲ့ည၈နာရီထိုးမှာတန်းစီရပြီးအဲဒီအချိန်မှာမှမတွေ့ရင်ဖုန်းဆက်ပြီးအဆက်အသွယ်လုပ်တဲ့အခါမှမရရင် ပျောက်ဆုံးသွားတဲ့သူတွေကိုလေတပ်ဌာနချုပ်တိုင်းက ကကလေရုံးချုပ်ကို ကြေးနန်းပို့ရတာဖြစ်ပါတယ်။ စစ်တပ်ကအာဏာသိမ်းမှုအပေါ်မလိုလားတဲ့ တပ်မတော်အရာရှိစစ်သည် ရာနဲ့ချီပြီး CDM ပြုလုပ်ထားကြပါတယ်။


Zalen

https://www.facebook.com/zalen.info/ 

လေတပ်ဌာနချုပ်တွေက အဆက်သွယ်မရတဲ့အရာရှိစစ်သည် ၈၀နီးပါးရှိ လေတပ်ဌာနချုပ်တွေက အဆက်သွယ်မရတဲ့အရာရှိစစ်သည် ၈၀နီးပါးရှိ Reviewed by THITHTOOLWIN on 19:30 Rating: 5

No comments:

Powered by Blogger.