စစ်ကောင်စီ ရဟတ်ယာဥ် တစ်စင်းပစ်ချခံရကြောင်း ကေအိုင်အေမှ အတည်ပြု



May 3 - Kachinwaves

မိုးမောက်မြို့နယ် မြို့သစ်နှင့် ကုန်းလောကြားတွင် စစ်ကောင်စီလက်နက်၏ ရဟတ်ယာဥ်တစ်စီးကို ကေအိုင်အေမှ ယ​နေ့နံနက်ပိုင်း ပစ်ချခဲ့သည်မှာ အတည်ဖြစ်ကြောင်း ကေအိုင်အို သတင်းနှင့် ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးကြီး နော်ဘူက ဆိုသည်။

ယနေ့နံနက်ပိုင်းမှ စစ်ကောင်စီလက်နက်ကိုင်တပ်များနှင့် ကေအိုင်အေ တိုက်ပွဲဖြစ်ပွား ​နေပြီး ​စစ်​ကောင်စီဘက်မှ လေယာဥ်ဖြင့် တိုက်ခိုက်နေချိန် ကေအိုင်အေက ပစ်ချခဲ့ခြင်း ဖြစ်သည်ဟု ဆိုသည်။

လေယာဥ်ပျက်ချချိန် မြို့သစ်မှ အမျိုးသမီးထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း​ဒေသခံတစ်ဦးက ဆိုသည်။

ရဟတ်ယာဥ်ပျက်ကျပြီးနောက် မိုးမောက်မြို့ထဲမှ လက်နက်ကြီးများဖြင့် ကုန်းလောကျေးရွာဘက်သို့ ပစ်နေသည့်အတွက် ကုန်းလောကျေးရွာမှ ကလေးတစ်ယောက်နှင့် ဘုန်းကြီးတစ်ပါး သေဆုံးခဲ့ပြီး ဒဏ်ရာရရှိခဲ့သည့် ပြည်သူများလည်းရှိကြောင်း ဒေသခံများက ဆိုသည်။

မိုးမောက်မြို့နယ်တွင် ​ကေအိုင်အေ တပ်ရင်း ၂၅သို့  စစ်ကောင်စီလက်နက်ကိုင်များ ​တိုက်လေယာဥ်​​​များနှင့် လက်နက်ကြီးများဖြင့် ပစ်ခတ်တိုက်ခိုက်နေသည်မှာ ယနေ့ဆိုရင် ၈ရက်ရှိပြီဖြစ်သည်။


Kachinwaves

https://www.facebook.com/kachinwavesnews/

စစ်ကောင်စီ ရဟတ်ယာဥ် တစ်စင်းပစ်ချခံရကြောင်း ကေအိုင်အေမှ အတည်ပြု စစ်ကောင်စီ ရဟတ်ယာဥ် တစ်စင်းပစ်ချခံရကြောင်း ကေအိုင်အေမှ အတည်ပြု Reviewed by THITHTOOLWIN on 19:27 Rating: 5

No comments:

Powered by Blogger.