နိုင်ငံရေးတက်ကြွလှုပ်ရှားသူတစ်ဦးရဲ့မိခင် ပုဒ်မ ၅၀၅(က)နဲ့ ထောင် ၃ နှစ် ချမှတ်ခံရ

CJCopyright: CJ

နိုင်ငံရေးတက်ကြွလူပ်ရှားသူ ကိုတင်ထွဋ်ပိုင်ရဲ့မိခင်ဒေါ်မိငယ်ဟာ နိုင်ငံတော်အကြည်ညိုပျက်စေမှု ပုဒ်မ ၅၀၅(က)နဲ့ ဒီနေ့ မေလ ၂၈ ရက်မှာ ထောင်ဒဏ် ၃ နှစ် ချမှတ်ခံရတယ်လို့ မိသားစုဝင်တွေကပြောပါတယ်။

မိသားစုဝင်တွေရဲ့အပြောအရ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေဟာ ပြီးခဲ့တဲ့ မေလ ၂ ရက်က မြောက်ဥက္ကလာပက နေအိမ်မှာ ကိုတင်ထွဋ်ပိုင်ကို လာရှာချိန် မတွေ့လို့ မိခင်ဖြစ်သူကို ရိုက်နှက်ဖမ်းဆီးသွားခဲ့တာဖြစ်ပြီး အခုလို ထောင်ဒဏ် ချမှတ်လိုက်တာပါ။

သားဖြစ်သူကိုမတွေ့လို့မိခင်ဖြစ်သူကိုဖမ်းဆီးခေါ်ဆောင်သွားတာဟာ စစ်တပ်ရဲ့လုပ်ရိုးလုပ်စဉ်ဖြစ်တာကြောင့် မိခင်ဖြစ်သူအတွက်ရော တခြားဖမ်းဆီးထိန်းသိမ်းခံထားရသူတွေအတွက်ပါစိုးရိမ်တယ်လို့ ကိုတင်ထွဋ်ပိုင်က ပြောပါတယ်။

"ကျွန်တော့်ကိုအပူတပြင်းဘာလို့အဲ့လောက်လိုချင်နေလည်း ကျွန်တော်မသိဘူး။ လိုက်ရှာနေတာတော့သုံးလလောက်ရှိနေပြီ။ စစ်တပ်က ပြည်သူတစုံလုံးကိုဖိနှိပ်နေတာဖြစ်တယ် ။ ကျွန်တော်မိခင်တစ်ယောက်တည်းကို ဖိနှိပ်နေတာမဟုတ်ဘူး ။ အခုလိုအမိန့်ချလိုက်တာကိုလည်း ရှုတ်ချတယ်။တခြားလူတွေကိုမတရားအကြမ်းဖက်နေတာကိုလည်းရှုတ်ချတယ်။'' လို့ ကိုတင်ထွဋ်ပိုင်က ပြောပါတယ်။

ဘာ့ကြောင့် အခုလို ပုဒ်မတပ် ထောင်ဒဏ်ချမှတ်တယ်ဆိုတာ မသိရပေမဲ့ စစ်ကောင်စီတပ်တွေ နေအိမ်ကို ဝင်ရောက် ရှာဖွေချိန်တုန်းကတော့ လက်ကိုင်ဖုန်းကို ရှာဖွေတာ၊ မိခင်ကို ရိုက်နှက်တာတွေရှိခဲ့တယ်လို့ ကိုတင်ထွဋ်ပိုင်ရဲ့ညီမဖြစ်သူက မိခင်ဖြစ်သူ အဖမ်းခံရချိန်တုန်းက ပြောထားဖူးပါတယ်။


BBC Burmese

https://www.bbc.com/burmese/live/burma-57242648

နိုင်ငံရေးတက်ကြွလှုပ်ရှားသူတစ်ဦးရဲ့မိခင် ပုဒ်မ ၅၀၅(က)နဲ့ ထောင် ၃ နှစ် ချမှတ်ခံရ  နိုင်ငံရေးတက်ကြွလှုပ်ရှားသူတစ်ဦးရဲ့မိခင် ပုဒ်မ ၅၀၅(က)နဲ့ ထောင် ၃ နှစ် ချမှတ်ခံရ Reviewed by THITHTOOLWIN on 03:01 Rating: 5

No comments:

Powered by Blogger.