ပြင်သစ်မှာ မြန်မာ့အရေး ဆန္ဒထုတ်ဖော်မှု ဒေသခံတွေ ပူးပေါင်းမယ်

ပြင်သစ် မြန်မာသံရုံးရှေ့ ဖေဖော်ဝါရီလက ဆန္ဒပြခဲ့စဥ်

မနက်ဖန် မေလ ၈ ရက်နေ့ဟာ ဥရောပတိုက်မှာ မဟာမိတ်တပ်တွေက ဂျာမန်နာဇီကို သိမ်းပိုက်အောင်မြင်တဲ့နေ့၊ ဒုတိယကမ္ဘာစစ်ကြီးပြီးဆုံးသွားသည့်နေ့ ဖြစ်ပါတယ်။ အဲဒီနေ့မှာ အထိမ်းအမှတ်ပွဲတွေ ကျင်းပလေ့ရှိပြီး ဒီနှစ်မှာတော့ ပြင်သစ်နိုင်ငံက Toulouse မြို့မှာ ပြင်သစ်ရောက် မြန်မာတွေက မြန်မာ့အရေးအတွက် ဆန္ဒဖော်ထုတ်ကြဖို့ စီစဥ်ထားပါတယ်။

ဆန္ဒဖော်ထုတ်ပွဲမှာ အမျိုးသား ညီညွတ်ရေး အစိုးရ NUG ကို ပြင်သစ်အစိုးရက တရားဝင်အသိအမှတ်ပြုပေးဖို့ တောင်းဆို ကြမှာ ဖြစ်ပါတယ်။

နောက်ပြီး Toulouse မြို့မှာ ပညာတော်သင်လာသွားခဲ့ကြတဲ့ မြန်မာ ဆရာဝန်တွေထဲက မတရားဖမ်းဆီးခံထားကြရသူတွေ၊ အခက်အခဲတွေကြားထဲက CDM ဝင်နေကြတဲ့ ဆရာဝန်တွေ၊ သူနာပြုတွေနဲ့ ဆေးရုံဝန်ထမ်းအားလုံးအတွက် ဆန္ဒပြကြမှာဖြစ်ပါသည်။

အဲဒီ ဆန္ဒပြပွဲကိုမြန်မာတွေ အပြင် မြို့ခံ ပြင်သစ်နိုင်ငံသားတွေ၊ ပြင်သစ်ဆေးဘက်ဆိုင်ရာ ဝန်ထမ်းတွေ၊ ကျောင်းသူ ကျောင်းသားတွေ၊ လွတ်တော်ကိုယ်စားလှယ်၊ ပြင်သစ်အလုပ်သမားများအသင်းက ကိုယ်စားလှယ်တွေနဲ့ Amnesty International နိုင်ငံတကာလွတ်ငြိမ်းချမ်းသာခွင့်အဖွဲ့ ကိုယ်စားလှယ်နဲ့ မီဒီယာတွေပါတက်ရောက်ကြမှာ ဖြစ်ပါတယ်။


BBC Burmese

https://www.bbc.com/burmese/live/burma-56833883

ပြင်သစ်မှာ မြန်မာ့အရေး ဆန္ဒထုတ်ဖော်မှု ဒေသခံတွေ ပူးပေါင်းမယ်  ပြင်သစ်မှာ မြန်မာ့အရေး ဆန္ဒထုတ်ဖော်မှု ဒေသခံတွေ ပူးပေါင်းမယ် Reviewed by THITHTOOLWIN on 23:10 Rating: 5

No comments:

Powered by Blogger.