မြင်းမူပစ်ခတ်မှု တစ်ယောက်ပွဲချင်းပြီး သေဆုံး

မြင်းမူပစ်ခတ်မှု တစ်ယောက်ပွဲချင်းပြီး သေဆုံး စစ်ကိုင်းတိုင်း မြင်းမူမြို့ကို ၂၀၂၁ မေ ၉ ရက်နေ့က တွေ့ရစဉ် / Photo: CJ

ဒီကနေ့ စစ်ကိုင်းတိုင်း မြင်းမူမြို့မှာ စစ်ကောင်စီတပ်တွေရဲ့ ပစ်ခတ်မှုကြောင့် ဒေသခံတစ်ဦး နေရာမှာတင် ပွဲချင်းပြီးသေဆုံးသွားတယ်လို့ မျက်မြင်တွေ့သူတွေက RFA ကို ပြောပါတယ်။

သေဆုံးသူဟာ မြင်းမူမြို့နယ် မင်းရဲကျော်စွာရပ်ကွက်မှာ နေထိုင်တဲ့ အသက် ၂၃ နှစ်အရွယ် အစ္စလာမ် ဘာသာဝင် အမျိုးသားတစ်ဦးဖြစ်ပြီး ဂျိုင်းအောက်ကို သေနတ်ကျည်ထိမှန်ခဲ့တာလို့ ဒေသခံတွေက ပြောပါတယ်။ ဒီကနေ့ညနေပိုင်းမှာပဲ သေဆုံးသူကို ချက်ချင်းသင်္ဂြိုလ်လိုက်တယ်လို့ ဆိုပါတယ်။

ဒီကနေ့ မြင်းမူမှာ ဆန္ဒပြတဲ့သူတွေထဲက ပြည်သူနှစ်ဦးကို ရဲတပ်ဖွဲ့က ဖမ်းဆီးသွားပါတယ်။ အဲဒီဖမ်းဆီး ခံရတဲ့သူတွေကို ပြန်လွှတ်ပေးဖို့ မြင်းမူရဲစခန်းနားမှာ ဒေသခံတွေ စုရုံးဆန္ဒပြတာကို စစ်ကောင်စီတပ်ဖွဲ့က ပစ်ခတ်ဖြိုခွဲခဲ့တာပါ။

ပစ်ခတ်မှုကြောင့် နှစ်ယောက် ဒဏ်ရာပြင်းပြင်းထန်ထန်ရထားပြီး လက်ရှိ မြင်းမူမှာ အဖမ်းဆီးတွေရှိနေ တာကြောင့် လုံခြုံရေးစိတ်ပူနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်းရဲ့ စာရင်းတွေအရ အာဏာသိမ်းပြီး သုံးလအတွင်း စစ်ကောင်စီရဲ့ ပစ်ခတ်မှုကြောင့် သေဆုံးတဲ့သူ ၇၇၀ ကျော်ရှိပြီး ဖမ်းဆီးခံရသူ ၄၉၀၀ နီးပါးရှိပါတယ်။


RFA Burmese

https://www.rfa.org/burmese/news/myinmu-shooting-05092021101334.html

မြင်းမူပစ်ခတ်မှု တစ်ယောက်ပွဲချင်းပြီး သေဆုံး မြင်းမူပစ်ခတ်မှု တစ်ယောက်ပွဲချင်းပြီး သေဆုံး Reviewed by THITHTOOLWIN on 21:33 Rating: 5

No comments:

Powered by Blogger.