ကန်ပက်လက်မြို့နယ် Chinland Defense Force (CDF) မှ အာဏာသိမ်း စစ်ကောင်စီလက်အောက်ခံ လက်နက်ကိုင်တပ်ဖွဲ့များအား သတိပေးကြေညာချက် ထုတ်ပြန်



အသိပေးကြေညာခြင်း

ကြေညာချက်အမှတ် (၂/၂၀၂၁)

ရက်စွဲ၊ ၂၀၂၁ ခုနှစ် မေလ ၈ ရက်

၁။ ကန်ပက်လက်မြို့နယ် Chinland Defense Force (CDF) မှ အာဏာသိမ်း စစ်ကောင်စီလက်အောက်ခံ လက်နက်ကိုင်တပ်ဖွဲ့များအား အောက်ပါအတိုင်း သတိပေးကြေညာချက် ထုတ်ပြန်လိုက်သည်။

(က) ပြည်သူများအား အထိတ်အလန့်ဖြစ်စေမည့် လက်နက်ကိုင်ဆောင်၍ မြို့တွင်းသို့သွားလာခြင်းများ မပြုရန်။

( ခ ) ညအချိန်မတော်၌ ပြည်သူတို့၏ လွတ်လပ်ခွင့်ကို ချိုးဖောက်၍ စစ်ဆေးမေးမြန်းခြင်း၊      လမ်းများပိတ်ဆို့တားဆီးခြင်း၊ စောင့်ကြည့်ခြင်းများ မပြုရန်။

( ဂ ) Civil Disobedience Movement (CDM) လှုပ်ရှားမှုတွင် ပူးပေါင်းပါဝင်သည့် ပြည်သူ့ဝန်ထမ်းကောင်းများအား

 ခြိမ်းခြောက်ခြင်း၊ မတရားဖမ်းဆီးခြင်း၊ အနှောက်အယှက်ပြုခြင်းများ မပြုရန်။

၂။ သို့ဖြစ်၍ အကြမ်းဖက် စစ်ကောင်စီ၏ လက်နက်ကိုင်တပ်ဖွဲ့များမှ ဖော်ပြပါအချက်များအား ဖောက်ဖျက်၍ လွတ်လပ်ပြီး ငြိမ်းချမ်းစွာနေထိုင်လိုသော ကန်ပက်လက်မြို့နေ ပြည်သူများအား နှောက်ယှက်လာမည်ဆိုပါက ကျွန်တော်တို့ ကန်ပက်လက်မြို့နယ် Chinland Defense Force (CDF) အဖွဲ့မှ ပစ်ခတ်အရေးယူသွားမည်ဖြစ်ကြောင်း ထုတ်ပြန် ကြေညာလိုက်သည်။ 

Chinland Defense Force 

Kanpetlet Township


Chin World 

https://www.facebook.com/Chin-World-167011980026853

ကန်ပက်လက်မြို့နယ် Chinland Defense Force (CDF) မှ အာဏာသိမ်း စစ်ကောင်စီလက်အောက်ခံ လက်နက်ကိုင်တပ်ဖွဲ့များအား သတိပေးကြေညာချက် ထုတ်ပြန် ကန်ပက်လက်မြို့နယ် Chinland Defense Force (CDF) မှ အာဏာသိမ်း စစ်ကောင်စီလက်အောက်ခံ လက်နက်ကိုင်တပ်ဖွဲ့များအား သတိပေးကြေညာချက် ထုတ်ပြန် Reviewed by THITHTOOLWIN on 21:23 Rating: 5

No comments:

Powered by Blogger.