ပဲခူးတိုင်းအတွင်းလစ်လပ်ပညာရေးဝန်ထမ်းများအတွက်နေစားဝန်ထမ်းခေါ်ယူ


ပဲခူး မေ ၁၀ ။

ပဲခူးတိုင်အတွင်း CDM ပြုလုပ်လျှက်ရှိသော ပညာရေးဝန်ထမ်းများနေရာတွင်အစားထိုးခန့်အပ်ရန်ဟုဆိုကာ ပဲခူးတိုင်းပညာရေးမှူးရုံးမှနေစားဝန်ထမ်းများခေါ်ယူသည်။

ကျောင်းများပြန်လည်ဖွင့်လှစ်နိုင်ရေးအတွက် ယခုကဲ့သို့နေစားဝန်ထမ်းများခေါ်ယူရခြင်းဖြစ်သည်ဟုပဲခူးတိုင်းပညာရေးရုံးမှတာဝန်ရှိသူတစ်ဦးကဆိုသည်။

တိုင်းပညာရေးမှူးရုံးမှတဆင့် ပြည်၊ ပေါက်ခေါင်း၊ ပေါင်းတည်၊ ပန်းတောင်း၊ သဲကုန်း၊ ရွှေတောင် စတဲ့ မြို့နယ်ပညာရေးမှူးရုံးများကို အကြောင်းကြားစာ ထုတ်ပြန်ထားပြီး ယနေ့ နံနက် ပြည်မြို့တွင် နေ့စားဆရာမ လာလျှောက်သူ အများအပြားကို ပြည်မြို့နယ် ပညာရေးမှူးရုံးမှာ တွေ့ခဲရသည်ဟုပြည်ဒေသသတင်များကဆိုသည်။

လက်ရှိတွင် CDM ပြုလုပ်လုပ်လျှက်ရှိသည့်ပညာရေးဝန်ထမ်းများအားဖမ်းဆီးခြင်း ခြိမ်းခြောက်ခြင်းများပြုလုပ်လျှက်ရှိသည်။


Bago Weekly Journal Online Page

https://www.facebook.com/bagoweeklyjournal1212/


ပဲခူးတိုင်းအတွင်းလစ်လပ်ပညာရေးဝန်ထမ်းများအတွက်နေစားဝန်ထမ်းခေါ်ယူ ပဲခူးတိုင်းအတွင်းလစ်လပ်ပညာရေးဝန်ထမ်းများအတွက်နေစားဝန်ထမ်းခေါ်ယူ Reviewed by THITHTOOLWIN on 19:35 Rating: 5

No comments:

Powered by Blogger.