နည်းပညာတက္ကသိုလ်(တောင်ကြီး) စစ်ကောင်စီလုံခြုံရေးယူထားချိန် ပေါက်ကွဲမှုဖြစ်၊ အရပ်သား တစ်ဦးသေ



Share/Bookmark

မေ ၁၄ရက် ၂၀၂၁

တောင်ကြီးမြို့ နည်းပညာတက္ကသိုလ်အနီးတွင် ယနေ့ (မေ ၁၄)ရက် မနက် (၁၀)နာရီခွဲကျော်၌ ပေါက်ကွဲမှု ဖြစ်ပွားပြီး လူတစ်ဦးသေဆုံး၊ တစ်ဦး ဒဏ်ရာရရှိကြောင်း သတင်းရရှိသည်။ 

“ တစ်ယောက်သေတယ်။ သေသွားတဲ့ တယောက်က  စိတ်သိပ်မမှန်ဘူး။ ကျန်တဲ့တစ်ယောက် ဒဏ်ရာရထားတယ်။ လက်ရှိတော့ဆေးရုံးမှာ။ ခြေနေဘယ်လိုရှိလဲတော့မသိရသေးဘူး။” ဟု တောင်ကြီးမြို့ ဒေသခံတစ်ဦးက ပြောသည်။ 

စစ်ကောင်စီ မှ ဖွင့်လှစ်ထားသည့် နည်းပညာတက္ကသိုလ် (တောင်ကြီး)တွင်  ကျောင်းတက်စားသင်နေသည့် ကျောင်းသားများရှိနေကြောင်း ၊ ထိုစာသင်နေသည့် ကျောင်းသားများကို  စစ်ကောင်စီ အုပ်စုမှ စစ်အင်အားအလုံး အရင်းစောင့်ကြည့်နေချိန် ပေါက်ကွဲမှုဖြစ်ပွားခဲ့ကြောင်း တောင်ကြီး ဒေသခံများ ပြောပြချက် အရသိရသည်။

“ စစ်တပ်တွေ လုံခြုံရေး တင်းကြပ်နေတာပဲ။ ကျောင်းဝန်းထဲမှာ ကျောင်းရှေ့မှာ တပ်အင်အားတွေ နည်းတာမဟုတ်ဘူး။ စားသင်နေတဲ့သူတွေ ကိုလုံခြုံရေးပေးနေတဲ့ကြား က ပေါက်ကွဲတာ” ဟု ဒေသခံ တဦး က ဆိုသည်။

ထိုပေါက်ကွဲမှု အပြီးတွင် တောင်ကြီးမြို့ နေရာအနှံ့  စစ်ကောင်စီမှ တပ်ဖြန့် နေရာယူထားပြီး စစ်အင်အားများလည်း ထပ်မံ ဖြည့်နေကြောင်း သိရသည်။

“ နေ့ရာတိုင်းမှာတော့သူတို့ရှိနေတယ်။ မီးပွိုင်းတိုင်းမှာရှိတယ်။ ညဆိုလည်း နေရာတိုင်းမှာပဲ။ သူတို့တွေ တပ်ဖြန့်ထားတယ်။ သူများအိမ်ရှေ့မှာလာအိပ်တာရှိတယ်။ တိုက်အမြင့်ပေါ်မှာဆိုလဲ အရပ်ဝတ်တွေနဲ့ရှိတယ်။ ” ဟူ တောင်ကြီးမြို့ဒေသခံတစ်ဦးကပြောသည်။ 

တောင်ကြီးမြို့ပေါ်တွင် စစ်အာဏာသိမ်းပြီး ရက် ၁၀၀ နေ့မှစပြီး ညတိုင်း ပေါက်ကွဲသံများ ကြားနေရသည်။


SHAN News (Burmese Version)

https://www.facebook.com/shannewsburmese



Share/Bookmark

မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

အချိန်နဲ့တပြေးညီ သတင်းများ ဖတ်ရှုနိုင်ဖို့ facebook "like" ကို နှိပ်ပါ။ thithtoolwin9@gmail.com ကို လည်း သတင်းများ ဆက်သွယ်ပေးပို့နိုင်ပါသည်။
 

Last 7 days Pageviews

ကျန်းမာရေးနှင့် ဖျော်ဖြေရေး

တစ်ပတ်အတွင်း စိတ်ဝင်စားဖွယ်ရာ သတင်းများ