ဒလန်ကြောင့် စစ်ကောင်စီ အုပ်စု ပြည်သူများနေအိမ် ဖျက်ဆီးဝင်ရောက် ပစ္စည်းယူ


မေ ၁၄ရက် ၂၀၂၁

တောင်ကြီးမြို့ ဒလန်များသတင်းပေးမှုကြောင့် စစ်ကောင်စီ အုပ်စုသည်  ပြည်သူနေအိမ်များကို သော့ဖျက်ဝင်ရောက်ပြီး နေအိမ်ထဲရှိ ဆိုင်ကယ်နှင့် တခြားပစ္စည်းများ ယူဆောင်သွားကြောင်း သတင်းရရှိသည်။

တောင်ကြီးမြို့ ရွှေသူဌေးကုန်ရပ်ကွက်တွင် မေလ ၁၂ ရက် ညနေ (၄ )နာရီ အချိန်တွင် စစ်ကောင်စီ အုပ်စုမှ လူမနေသည့် နေအိမ်ကို  ဝင်ရောက်မွှေနှောက်ပြီး ဆိုင်ကယ်တစီး နှင့် ပစ္စည်းများကို ယူဆောင်းသွားကြောင်း တောင်ကြီးမြို့ မျက်မြင်တွေ့ရှိသူ တဦး က သျှမ်းသံတော်ဆင့် ကို ပြောသည်။ 

 “ အဲ့နေ့ (မေ ၁၂)ရက် ညနေ ၄ နာရီလောက်က စစ်သားတွေ၊ ရဲတွေက  ပြည်သူရဲ့ နေအိမ်ထဲကို သော့ဖျတ်ပြီးတော့ ဝင်တယ်။ ပြီးတော့ အဲအိမ်ထဲမှာရှိတဲ့ပစ္စည်းတွေ  ဆိုင်ကယ်ကိုလည်းယူသွားသေးတယ်”  ဟု တောင်ကြီးမြို့ မျက်မြင်တွေ့ရှိသူတဦး က ပြောသည်။ 

တောင်ကြီးမြို့တွင် ဒလန်များ၏ သတင်းပေးမှုကြောင့် ပြည်သူများ လုံခြုံရေး စိုးရိမ်နေရကြောင်း၊ ဒလန်များကြောင့် မကြာခဏ ဖမ်းဆီးခံရပြီး၊ နေအိမ်ဝင်ရောက် စစ်ဆေးမှု ခံနေရကြောင်း လည်း တောင်ကြီး ဒေသခံများကပြောသည်။

“ သူတို့ အိမ်ထဲထိလိုက်ဖမ်းတယ်။ ဝင်ခိုးတယ်။ အိမ်တွေပါသော့ဖျတ်ပြီး ဝင်ခိုးတယ်ဆိုတော့ လွန်တာပေါ့။ သွားလာဖို့တောင်း တော်တော်စိုးရိမ်းရတယ်။ ခုတောင်းအိမ်မှာနေရင်တောင် ကြောက်နေရတယ်လေ။  အဓိကတော့ ဒလန်တွေကြောင့် ဒလန်တွေကို အရင်ရှင်းပစ်ရမယ်” ဟု တောင်ကြီးမြို့ ဒေသခံတစ်ဦး ကပြောသည်။ 

အလားတူ ယမန့်နေ့ မေလ ၁၃ ရက်နေ့က အိမ်အကူ(ဒလန်) သတင်းပေးမှုကြောင့် အိမ်ရှင် အမျိုးသမီး တစ်ဦးဖမ်းဆီးခံသွားရသည်။ 

ထိုနည်းတူ မတ်လ ၁၁ ရက်နေ့တွင် စစ်ကောင်စီ၏ လက်နက်ကိုင်တပ်ဖွဲ့များသည် တောင်ကြီးမြို့ မင်္ဂလာဦးရပ်ကွက်၊ ရတနာသီရိရပ်ကွက် နှင့် ရေအေးကွင်းရပ်ကွက် ရှိ နေအိမ်များ၊ ဆိုင်ကယ်များ ဝင်ရောက်ရိုက်နှက်ဖျက်ဆီးမှု ပြုလုပ်ခဲ့ကြောင်း တောင်ကြီး ဒေသခံများ ပြောပြချက် အရသိရသည်။ 


SHAN News (Burmese Version) 

https://www.facebook.com/shannewsburmese

ဒလန်ကြောင့် စစ်ကောင်စီ အုပ်စု ပြည်သူများနေအိမ် ဖျက်ဆီးဝင်ရောက် ပစ္စည်းယူ ဒလန်ကြောင့် စစ်ကောင်စီ အုပ်စု ပြည်သူများနေအိမ် ဖျက်ဆီးဝင်ရောက် ပစ္စည်းယူ Reviewed by THITHTOOLWIN on 21:10 Rating: 5

No comments:

Powered by Blogger.