အကြမ်းဖက်မြန်မာစစ်အုပ်စုနဲ့ ပတ်သက်လို့ ဒေါ်လာ သန်းချီမြှုပ်နှံထားမှု စုံစမ်းစစ်ဆေးမည်ဟု နယူးဇီလန်အစိုးရပြော



(၁၄/၅/၂၀၂၁)

နယူးဇီလန်နိုင်ငံရဲ့ The New Zealand Super Fund ဟာ အကြမ်းဖက် မြန်မာစစ်တပ်ကို စစ်လက်နက်တွေဝယ်ယူပေးနေတဲ့ တရုတ်ကုမ္ပဏီတစ်ခုမှာ ရင်းနှီးမြှုပ်နှံနေတယ်ဆိုတဲ့အပေါ် စုံစမ်းစစ်ဆေးဖို့ ပါလီမန်အမတ်တွေက တောင်းဆိုထားပါသည်။ 

တရုတ်လေကြောင်းလုပ်ငန်းဆိုင်ရာ ကော်ပိုရေးရှင်း (The Aviation Industry Corporation of China – AVIC ) မှာ ဆယ်စုနှစ်တစ်ခုကြာ ဒေါ်လာ သန်း (၁၀၀) နီးပါး ရှယ်ယာထဲ့ဝင်ထားသည်ဆိုပါသည်။

တရုတ် AVIC  ကုမ္ပဏီဟာတိုက်လေယာဉ်တွေနဲ့ ဒုံးလက်နက်တွေကို မြန်မာအကြမ်းဖက်စစ်တပ်ထံရောင်းချပေးခဲ့တယ်လို့ စွပ်စွဲခံနေရတာကြာပြီဖြစ်ပါသည်။

ဒီကိစ္စနဲ့ ပတ်သက်ပြီး နယူးဇီလန်နိုင်ငံရေးပါတီတစ်ခုဖြစ်တဲ့ Green Party လွှတ်တော်မတ်အဖြစ်သူ Golriz Ghahraman က အကြမ်းဖက်စစ်တပ်ကို ကူညီပေးနေသလိုဖြစ်တဲ့ ရင်းနှီးမြှပ်နှံမှုမျိုးကို ရပ်တန့်သင့်တယ်လို့ တောင်းဆိုရာက စုံစမ်းစစ်ဆေးဖို့ဖြစ်လာတာပါ။


Burma News Network

https://www.facebook.com/burmanewsnetwork

အကြမ်းဖက်မြန်မာစစ်အုပ်စုနဲ့ ပတ်သက်လို့ ဒေါ်လာ သန်းချီမြှုပ်နှံထားမှု စုံစမ်းစစ်ဆေးမည်ဟု နယူးဇီလန်အစိုးရပြော အကြမ်းဖက်မြန်မာစစ်အုပ်စုနဲ့ ပတ်သက်လို့ ဒေါ်လာ သန်းချီမြှုပ်နှံထားမှု စုံစမ်းစစ်ဆေးမည်ဟု နယူးဇီလန်အစိုးရပြော Reviewed by THITHTOOLWIN on 21:09 Rating: 5

No comments:

Powered by Blogger.