ဆိုင်းနူးပန်နှင့် လွမ်းဇောင်း အကြမ်းဖက် ဖမ်းဆီးခံရ




ကချင်လူငယ်တက်ကြွလှုပ်ရှားသူ ဆိုင်းနူးပန်နှင့် လွမ်းဇောင်း တို့ ၂ ဦးကို ယနေ့ နေ့လည်ခန့်က အကြမ်းဖက်စစ်သားများက ကားဖြင့်တိုက်ကာ ဖမ်းဆီးခေါ်ဆောင်သွားကြောင်း သိရသည်။

ဆိုင်းနူးပန်၏ အဘိုးအသုဘအခမ်းအနားသွားသည့်ခရီးစဉ်တွင် ဖမ်းဆီးခံရခြင်းဖြစ်ပြီး ဆိုင်းနူးပန်နှင့် လွမ်းဇောင်းအပါဝင် ကားတစ်စီးတွင်ပါလာသော အခြား လူငယ် ၂ ဦးလည်း ဖမ်းဆီးခံရကြောင်း သိရသည်။

"အသုဘသွားတဲ့လမ်းမှာ သေနတ်ပစ်ပြီးမှ တိုက်ပြီး ဖမ်းခေါ်သွားတယ်တဲ့" ဟု နီးစပ်သူတစ်ဦးက ပြောသည်။

ထို့အပြင် ထိုဖြစ်စဉ်ကိုတွေ့မြင်သော လူတစ်ချို့ကိုလည်း ရိုက်နက်သွားသည်ဟု ဆိုသည်။


Kachin News Group 

https://www.facebook.com/theKachinNews

ဆိုင်းနူးပန်နှင့် လွမ်းဇောင်း အကြမ်းဖက် ဖမ်းဆီးခံရ ဆိုင်းနူးပန်နှင့် လွမ်းဇောင်း အကြမ်းဖက် ဖမ်းဆီးခံရ Reviewed by THITHTOOLWIN on 21:36 Rating: 5

No comments:

Powered by Blogger.