အကြမ်းဖက်သမားတွေ လက်နက်ကြီးနှင့်ပစ်ခတ်မှုကြောင့် ဟားခါးမြို့နယ်မှာ တစ်ရွာလုံးထွက်ပြေး


Credit: The Chin Journal

ဟားခါးမြို့ ရုန်းတောင် အခြေစိုက် အကြမ်းဖက်စစ်ကောင်စီတပ် (၂၆၆) ကနေ ၂ ရက်ဆက်တိုက်လက်နက်ကြီးများဖြင့် ပစ်ခတ်မှုကြောင့် ဟားခါးမြို့နယ်၊ လောက်လုံးကျေးရွာသားအားလုံးထွက်ပြေးရ ကြောင်း ရွာသားတစ်ဦးက ချင်းဂျာနယ်သို့ပြောသည်။

လောက်လုံးကျေးရွားအနီးရှိ CDF-Hakha ၏ ယာယီစခန်းကို အကြမ်းဖက်စစ်ကောင်စီမှ မောင်းသူမဲ့ဒရုန်းလေယာဥ်ငယ်များ  အသုံးပြု၍ ထောက်လှမ်းမှုပြုများပြုလုပ်ပြီး မေလ ၁၈ နှင့် ၁၉ ရက်နေ့များတွင် လက်နက်ကြီးများဖြင့်ပစ်ခတ်ရာ မြေပြင်တွင် အကြမ်းဖက်သမား ၇၀ ကျော်လည်းစေလွှတ်ပြီး တိုက်ခိုက်စေခဲ့သည်။ 

အဆိုပါတိုက်ပွဲတွင် CDF-Hakha မှ ထိခိုက်ကျဆုံးမှုမရှိဘဲ တပ်ဆုပ်နိုင်ခဲ့ပြီး အကြမ်းဖက်သမား ၃ဦး သုတ်သင်ရှင်းလင်းနိုင်ခဲ့ကြောင်း ထုတ်ပြန်ထားသည်။ 

ရွာသားတစ်ဦးက "တစ်ရွာလုံးထွက်ပြေးကြတယ်။ စိတ်မနှံသူ ၂ဦးဘဲ ချန်ခဲ့တယ်။ တောထဲမှာ ထွက်ပြေးတဲ့လူတွေတော့မရှိဘူး၊ အနီးနား ရွာတွေက ကူညီကြလို့ ယာယီခိုလှုံနေကြတယ်။ ရွာကိုလည်း မပြန်ရဲသေးဘူးဆိုတော့ ရွာမှာ ဘာတွေဖြစ်နေလဲဆိုတာလည်း မသိရဘူ" လို့ ပြောပါတယ်။ 

လောက်လုံးကျေးရွာတွင် အကြမ်းဖက်သမားများရောက်ရှိလာပြီးနောက် အိမ်တစ်အိမ်ကို တံခါးရိုက်ချိုးပြီး ချက်ပြုစားသောက်ပြီး နေထိုင်ကြသည်ဟု ရွာသားတွေက ပြောပါတယ်။ 

လောက်လုံးကျေးရွာသည် ဟားခါး-မတူပီကားလမ်းပေါ်၊ ဟားခါးမြို့နှင့် ၁၂ မိုင်အကွာတွင် တည်ရှိသော လူဦးရေ ၁၀၀၀ ခန့်နေထိုင်သည့် ကျေးရွာဖြစ်သည်။ 


Zalen 

https://www.facebook.com/zalen.info/

အကြမ်းဖက်သမားတွေ လက်နက်ကြီးနှင့်ပစ်ခတ်မှုကြောင့် ဟားခါးမြို့နယ်မှာ တစ်ရွာလုံးထွက်ပြေး အကြမ်းဖက်သမားတွေ လက်နက်ကြီးနှင့်ပစ်ခတ်မှုကြောင့် ဟားခါးမြို့နယ်မှာ တစ်ရွာလုံးထွက်ပြေး Reviewed by THITHTOOLWIN on 21:32 Rating: 5

No comments:

Powered by Blogger.