မင်းတပ်မြို့ကို ကူညီခွင့်ပေးဖို့ လူ့အခွင့်အရေး ဆရာဝန်များအဖွဲ့ တောင်းဆို

မင်းတပ်မြို့ကို ကူညီခွင့်ပေးဖို့ လူ့အခွင့်အရေး ဆရာဝန်များအဖွဲ့ တောင်းဆို ချင်းပြည်နယ် မင်းတပ်မြို့ ကျန်းမာရေးဦးစီးဌာနရုံးရှေ့မှာတွေ့ရတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်များ။

Photo: Chin Human Right Organization


ချင်းပြည်နယ်၊ မင်းတပ်မြို့ကို စစ်အုပ်ချုပ်ရေးကြေညာပြီး လေကြောင်းကရော မြေပြင်ကပါ အပြင်းအထန် တိုက်ခိုက်ဖိနှိပ်နေလို့ မင်းတပ်မြို့နေလူထု အကြီးအကျယ်ဒုက္ခရောက်နေတဲ့အပေါ် Physicians for Human Rights လူ့အခွင့်အရေး ဆရာဝန်များအဖွဲ့ PHR က မြန်မာစစ်တပ်ကို ပြစ်တင်ရှုတ်ချလိုက်ပြီး မင်းတပ်ပြည်သူတွေရဲ့ အခက်အခဲကို နိုင်ငံတကာက တုံ့ပြန်ကူညီကြဖို့ကိုလည်း အမေရိကန် ပြည်ထောင်စု၊ နယူးယောက်မြို့အခြေစိုက် PHR အဖွဲ့က တိုက်တွန်းလိုက်တဲ့အကြောင်း မနေ့ကပဲ ကြေညာချက် ထုတ်ပြန်ပါတယ်။

စစ်ကောင်စီတပ်တွေက မင်းတပ်မြို့ကို အပြင်းအထန်တိုက်ခိုက်နေလို့ နီးစပ်ရာ တောတောင်တွေထဲကို အိုးအိမ်စွန့်ခွာ ထွက်ပြေးနေရတဲ့သူတွေရော၊ မြို့ထဲမှာ ပိတ်မိနေတဲ့ သူတွေရော၊ အစားအသောက်၊ ရေနဲ့ ကျန်းမာရေးဆိုင်ရာ အကူအညီတွေလိုအပ်နေပြီး သူတို့ကို ကူညီမယ့်သူတွေ၊ အဖွဲ့အစည်းတွေလည်း ကူညီခွင့်မရဘဲ ဖြစ်နေလို့ မင်းတပ်ဒေသမှာ လူသားချင်းစာနာမှုဆိုင်ရာ အကူအညီတွေ လိုအပ်နေတယ်လို့ PHR အဖွဲ့က ဆိုပါတယ်။

မင်းတပ်မြို့မှာ မတရားသဖြင့် ဖမ်းဆီးနေတာတွေ၊ တိုက်ခိုက်နေတာတွေနဲ့ လူ့အခွင့်အရေး ချိုးဖောက်နေတာတွေကို ရပ်တန့်ဖို့ မြန်မာစစ်တပ်ကို တောင်းဆိုလိုက်ပြီး ကျန်းမာရေးဆိုင်ရာအကူအညီနဲ့ ဆေးဝါးကုသပြုစုခွင့်တွေ ပေးဖို့ Physicians for Human Rights လူ့အခွင့်အရေး ဆရာဝန်များအဖွဲ့က တောင်းဆိုလိုက်ပါတယ်။


RFA Burmese

https://www.rfa.org/burmese/news/physicians-for-human-rights-statement-over-mindat-05202021172158.html

မင်းတပ်မြို့ကို ကူညီခွင့်ပေးဖို့ လူ့အခွင့်အရေး ဆရာဝန်များအဖွဲ့ တောင်းဆို မင်းတပ်မြို့ကို ကူညီခွင့်ပေးဖို့ လူ့အခွင့်အရေး ဆရာဝန်များအဖွဲ့ တောင်းဆို Reviewed by THITHTOOLWIN on 21:53 Rating: 5

No comments:

Powered by Blogger.