ဖားကန့်မြို့တွင် လာဖမ်းသူကိုမ​တွေ့သဖြင့် မိန်းမနှင့် က​လေးနှစ်​ယောက်အပါအဝင် ၁၀ဦးကိုဖမ်းဆီးသွား


May 10 - Kachinwaves 

ဖားကန့်မြို့နယ်ရှိ မမုံတွင် သပိတ်တက်ကြွလှုပ်ရှားသူဟုဆိုပြီး အမျိုးသားတစ်ဦးကို စစ်ကောင်စီလက်နက်ကိုင်တပ်များက  လာရောက်ဖမ်းဆီးချိန်တွင် ထိုသူကို မတွေ့သည့်အတွက်  မိန်းမနှင့် ကလေးနှစ်ဦး အပါအဝင်အခြားဆယ်ဦးကို ဖမ်းဆီးသွားကြောင်း သတင်းရရှိသည်။ 

သပိတ် လှုပ်ရှားသူများ၏ နေအိမ် ၃အိမ်ကို ဝင်စီးသွားပြီး  ပြည်သူ ၁၀ယောက်ကို ဖမ်းဆီးသွားခြင်းဖြစ်သည်။ 

အဆိုပါ ကလေးနှစ်ဦးသည် အသက် ၁၄နှစ်နှင့် အသက် ၁၇ ဖြစ်ပြီး စစ်ကောင်စီလက်နက်ကိုင်များက နေအိမ်မှ ပစ္စည်းများကိုလည်း သိမ်းယူသွားကြောင်း သိရသည်။

"ပစ္စည်းတွေ ယူသွားတယ် ဘာပစ္စည်းတွေယူသွားလည်းသေချာမသိဘူး"ဟု ဖားကန့် ဒေသခံတစ်ဦးက ပြောသည်။

ယနေ့နံနက် ငါးနာရီအချိန်ခန့်၌ စစ်ကောင်စီတပ်များသည် သပိတ်တက်ကြွပါဝင်သူများကို လိုက်လံဖမ်းဆီးချိန်တွင် အရပ်ဝတ်လူများ၊ စစ်သားနှင့် ရဲများက လူဆယ်ဦးကို ဖမ်းဆီးသွားခြင်းဖြစ်သည်။ 

ဖားကန့်မြို့နယ် စစ်အာဏာရှင်ဆန့်ကျင်ရေးကို နေ့တိုင်း နည်းလမ်းအမျိုးမျိိုးဖြင့် လူအများအပြားပါဝင်ပြီး လှုပ်ရှားကြ​နေသည့် မြို့ဖြစ်သည်။


Kachinwaves 

https://www.facebook.com/kachinwavesnews

ဖားကန့်မြို့တွင် လာဖမ်းသူကိုမ​တွေ့သဖြင့် မိန်းမနှင့် က​လေးနှစ်​ယောက်အပါအဝင် ၁၀ဦးကိုဖမ်းဆီးသွား ဖားကန့်မြို့တွင် လာဖမ်းသူကိုမ​တွေ့သဖြင့် မိန်းမနှင့် က​လေးနှစ်​ယောက်အပါအဝင် ၁၀ဦးကိုဖမ်းဆီးသွား Reviewed by THITHTOOLWIN on 19:41 Rating: 5

No comments:

Powered by Blogger.