ရန်ကုန်ရွှေစျေး ၁၆ သိန်းနားကပ်


ရန်ကုန်တိုင်းဒေသကြီးရွှေလုပ်ငန်းရှင်အသင်း YGEAက ဒီကနေမေလ ၁၀ ရက်နေ့ ညနေပိုင်း စျေးအပိတ် ထုတ်ပြန်တဲ့ သတင်းအရ ရန်ကုန်ရွှေစျေး အကယ်ဒမီ မီးလင်းရွှေ တစ်ကျပ်သားကို ကျပ် ၁၅ သိန်း ၉သောင်း ငါးထောင် နဲ့ စျေးဖွင့်ခဲ့ပြီး ၁၆ သိန်းနားအထိကပ်လာပြီဖြစ်တယ်လို့ ရန်ကုန်ဒေသခံတွေကပြောပါတယ်။


ဒါဟာ မြန်မာနိုင်ငံမှာ အခုရက်ပိုင်းမှာ ဖြစ်လာတဲ့ အမြင့်ဆုံး‌ရွှေစျေးဖြစ်ပြီးတော့ ထပ်ပြီးတက်နိုင်တဲ့ အလားအလာတွေရှိနေတယ်လို့ လည်းသူတို့ကပြောပါတယ်။


ဘဏ်တွေမှာငွေထုတ်ဖို့ အခက်အခဲတွေရှိလာပြီးနောက်ပိုင်းမှာရွေစျေးတွေက လည်း အဝယ်များလာသလိုပြောင်းလဲလာခဲ့ပါတယ်။


ရွေစျေးအပြောင်းအလဲများလာတဲ့အတွက် ရန်ကုန်မြို့ ရွှေဘုံသာလမ်းက အခေါက်ရွှေရောင်း၀ယ်ရေး ဆိုင်အချို့အခြေအနေ အမျိုးမျိုးကြောင့်ဆိုပြီး ခေတ္တခဏပိတ်ထားကြောင်း အသိပေးထားတယ်လို့လည်းရန်ကုန်မြို့ခံတွေက ပြောကြပါတယ်။


ပြီးခဲ့တဲ့ မေလ ၆ ရက်နေ့ကတော့ အကယ်ဒမီ မီးလင်းရွှေ တစ်ကျပ်သားကို ၁၄ သိန်း ရှစ်သောင်းစျေးဖွင့်ခဲ့ပါတယ်။


BBC Burmese

https://www.bbc.com/burmese/live/burma-56833883

ရန်ကုန်ရွှေစျေး ၁၆ သိန်းနားကပ်  ရန်ကုန်ရွှေစျေး ၁၆ သိန်းနားကပ် Reviewed by THITHTOOLWIN on 20:51 Rating: 5

No comments:

Powered by Blogger.