ရန်ကုန်မှာ အေတီအမ်ကနေ ငွေထုတ်ဖို့ တန်းစီသူတွေပိုများလာ

ရန်ကုန်က အေတီအမ်စက် တစ်ခုမှာ တန်းစီနေတဲ့လူတန်းကိုတွေ့ရ

ဘဏ်အချို့က အေတီအမ်ကနေ‌ငွေသားထုတ်ယူနိုင်တဲ့ ပမာဏကို ပြီးခဲ့တဲ့ရက်ပိုင်းက ထပ်မံလျှော့ချလိုက်ပြီးနောက်မှာ ရန်ကုန်မှာ ‌ငွေထုတ်ဖို့ တန်းစီသူတွေပိုများနေသလို ငွေထုတ်ဖို့ ခက်ခဲနေဆဲ ရန်ကုန်မြို့ခံတွေက ပြောပါတယ်။

ပြီးခဲ့တဲ့ မေလ ၈ရက်နေ့က ကမ္ဘောဇဘဏ်ကနေ အေတီအမ် တစ်ကဒ်ကို နှစ်သိန်းနဲ့k pay က နှစ်သိန်း စုစုပေါင်း တစ်ပတ်ကို ၄ သိန်းသာ ထုတ်ယူခွင့်ပြုမယ်လို့ အသိပေးထုတ်ပြန်ခဲ့ပါတယ်။

အေတီအမ် တန်းစီသူတွေဟာ မနက် ၄ နာရီ သက်ဆိုင်ရာဘဏ်ကို အရောက်သွားပြီး ငွေထုတ်ဖို့ အတွက် နာရီပေါင်းများစွာတန်းစီစောင့်ဆိုင်းနေရတယ်လို့ လည်းရန်ကုန်မြို့ခံတွေက ပြောပါတယ်။

အခုလို ငွေထုတ်ယူဖို့ခက်ခဲလာတာဟာ နယ်မြို့တွေအထိ ပျံ့နှံ့နေပြီးနယ်မြို့တွေမှာ အေတီအမ်ရှေ့မှာ တန်းစီနေရတယ်လို့ ရခိုင်ပြည်နယ်သံတွဲမြို့ခံတွေကနေ တစ်ဆင့်သိရပါတယ်။

အဲ့ဒီနောက် ငွေအပိုယူပြီး ဘဏ်တွေကနေ ငွေထုတ်တဲ့ ဝန်ဆောင်မှုတွေက နေ အရင် ၃ ရာခိုင်နူန်းက နေ ၈ ရာခိုင်နူန်း အထိဖြစ်သွားသလို့ ငွေသားအပြင်မှာ ရှားပါးမှုပိုများလာနေတယ်လို့ လည်းပြောပါတယ်။


BBC Burmese

https://www.bbc.com/burmese/live/burma-56833883

ရန်ကုန်မှာ အေတီအမ်ကနေ ငွေထုတ်ဖို့ တန်းစီသူတွေပိုများလာ  ရန်ကုန်မှာ အေတီအမ်ကနေ ငွေထုတ်ဖို့ တန်းစီသူတွေပိုများလာ Reviewed by THITHTOOLWIN on 20:50 Rating: 5

No comments:

Powered by Blogger.