မန္တလေးမှာ ပေါက်ကွဲသံတွေ ဆက်တိုက်ရှိနေပြီး ရဲတပ်ဖွဲ့နဲ့အရပ်ဝတ်တွေ ခြေရှုတ်နေ



Photo -CJ

မန္တလေး မေ ၁၄

မန္တလေးမြို့ နေရာအနှံ့မှာ ပေါက်ကွဲသံတွေကြားနေရပြီး ရဲနဲ့အရပ်ဝတ်တွေ ပျာယာခတ်နေတယ်လို့ စုံစမ်းသိရပါတယ်။

အခုည ၇ နာရီကျော်ကနေ ၈ နာရီကျော်အထိ မိန်းလမ်းမကြီးတွေနဲ့ အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်အခြေစိုက်ရာ မန္တလေးနန်းတွင်းရဲ့ အရှေ့ဘက်ခြမ်းနဲ့ အနောက်ဘက်ခြမ်းနဲ့ တောင်ဘက်ခြမ်းပတ်ဝန်းကျင်မှာ ပေါက်ကွဲသံတွေ ကြားရတယ်လို့ သိရပါတယ်။

၃၅ လမ်းမကြီးတစ်လျှောက်၊ ၃၀ လမ်း၊ကျုံးတောင်ဘက် ၂၆ လမ်းမကြီးပေါ်က နေရာအချို့၊  ကျုံးအရှေ့ဘက် ၁၉ လမ်း၊ ကျုံးအနောက်ဘက် လမ်း ၂၀ ဘက်နဲ့ လမ်း ၈၀နဲ့ ၉ လမ်းဘက်က အမှတ် ၄ ရဲစခန်းအနီး၊ ၆၂ လမ်း သံလမ်းနားက အဆင့်မြင့်ရဲစခန်းနားတွေမှာ ပေါက်ကွဲသံတွေ ရှိခဲ့တာလို့ လူမှုကွန်ယက်စာမျက်နှာပေါ်က သတင်းရင်းမြစ်တွေဆီက သိရပါတယ်။ 

ကြားသိရသလောက်ဆိုရင် ပေါက်ကွဲသံ အချက် ၃၀ နီးပါး ရှိတယ်လို့ ဆိုထားပါတယ်။ 


Burma News Network

https://www.facebook.com/burmanewsnetwork

မန္တလေးမှာ ပေါက်ကွဲသံတွေ ဆက်တိုက်ရှိနေပြီး ရဲတပ်ဖွဲ့နဲ့အရပ်ဝတ်တွေ ခြေရှုတ်နေ မန္တလေးမှာ ပေါက်ကွဲသံတွေ ဆက်တိုက်ရှိနေပြီး ရဲတပ်ဖွဲ့နဲ့အရပ်ဝတ်တွေ ခြေရှုတ်နေ Reviewed by THITHTOOLWIN on 21:06 Rating: 5

No comments:

Powered by Blogger.