ကနေဒါမြို့မှာ ခင်းကျင်းထားတဲ့ မြန်မာ့နွေဦးတော်လှန်ရေး အနုလက်ရာပြပွဲ

မြေမြှုပ်မိုင်းတွေရှိနေဆဲ နေရာမှာ နေကြရသူတွေ သန်းပေါင်းများစွာရှိ


စစ်အာဏာသိမ်းမှု ဆန့်ကျင်ရေး မြန်မာပြည်သူတွေ လှုပ်ရှားရုန်းကန်နေကြတာတွေကို ဖော်ကျူးထားတဲ့ အနုပညာ လက်ရာတွေကို ကနေဒါ နိုင်ငံ၊ ဗြိတိသျှကိုလံဘီယာနယ်ထဲက ကယ်လိုနာ Kelowna မြို့မှာ ပြသနေပါတယ်။

“လွတ်လပ်ခြင်းအတွက် အနုပညာ” ဆိုတဲ့ ခေါင်းစဥ်အောက် ကယ်လိုနာမြို့ ရော့ထရီစင်တာရဲ့ လေဟာပြင် အထူးပြပွဲ အနေနဲ့ မြန်မာပြည်ကလာတဲ့ အနုလက်ရာ ၁၆ ခုကို ဇူလိုင်လကုန်အထိ ခင်းကျင်း ပြသထားမှာ ဖြစ်ပါတယ်။

မြန်မာပြည် တနံတလျားက အနုပညာရှင်တွေရဲ့ လက်ရာတွေကို စုစည်းထားတာ ဖြစ်ပါတယ်။

“မြန်မာပြည်ထဲကနေ လာတဲ့ အနုပညာလက်ရာတွေ ဖြစ်ပါတယ်။ ဖန်တီးသူတွေရဲ့ နာမည်ကို သူတို့ရဲ့ လုံခြုံရေးအရ မဖော်ပြပါဘူး။ သူတို့အနေနဲ့ အဖမ်းခံရ၊ အသတ်ခံရနိုင်တဲ့ အထိ အန္တရာယ် ကြီးပါတယ်” ဆိုပြီး ဒီပြပွဲကို ဦးဆောင်စီစဥ်သူ တစ်ယောက် ဖြစ်တဲ့ ဟယ်နာကယ်ရင်က ပြောပါတယ်။

ဆင်းရဲမွဲတေမှု တိုက်ဖျက်ရေး၊ လူမှုဘဝ ညီမျှရေး စတာတွေကို အာရုံစိုက်တဲ့ ကနေဒါ အခြေစိုက် ဖွံဖြိုးရေးအဖွဲ့ ကူဆိုအင်တာနေရှင်နယ်ရဲ့ အကြံပေး အဖြစ် မစ္စကယ်ရင်ဟာ မြန်မာပြည်မှာ ၂ နှစ်တာမျှ နေထိုင် အလုပ်လုပ်ကိုင် ခဲ့ဖူးသူ ဖြစ်ပါတယ်။

“မြန်မာပြည်မှာ နေတုန်းက လူတွေက ကျွန်မအပေါ် သိပ်ကောင်းကြတာ၊ ဖေဖေါ်ဝါရီကစပြီး တုန်လှုပ်စဖွယ်တွေ ဖြစ်လာတော့ တစ်လလောက် အိပ်မရဘူး” လို့ မစ္စကယ်ရင်က ဆိုပါတယ်။

အခု ပြပွဲမှာ မြန်မာ အနုပညာရှင်တွေရဲ့ ပန်းချီတွေ၊ ကောက်ကြောင်း စကက်ရှ်တွေ၊ ဓာတ်ပုံတွေ ပါဝင်ပြီး အာဏာသိမ်းပြီး ဖြစ်ပျက်ခဲ့တဲ့ အဓိက အကြောင်းအရာ ဖြစ်ရပ်တွေ (ဥပမာ- လက်သုံးချောင်းထောင် သင်္ကေတ၊ အာဏာဖီဆန်ရေး လူထုလှုပ်ရှားမှု CDM၊ Milk Tea Alliance လှုပ်ရှားမှု စတာတွေ) ကို ထင်ဟပ်ဖော်ပြနေပါတယ်။

“ကျွန်မမှာ ဘေးကင်းလုံခြုံရာနေရာမှာ နေရလို့ အပြစ်မကင်းတဲ့ ခံစားမှုမျိုး ဖြစ်နေရတယ်။ ကျွန်မမှာ နေစရာနေရာရှိတယ်။ အိမ်ထဲကို ကျည်ဆံတွေ ၀င်လာမှာ မကြောက်ရဘူး။ ဒါပေမယ့် မြန်မာပြည်က ကျွန်မမိတ်ဆွေတွေအတွက်တော့ ဒီလို မဟုတ်ဘူး။ မြန်မာပြည်မှာ အနုပညာ သမားဖြစ်ရတာ နဂိုကမှ လွယ်တာမဟုတ်ဘူး၊ စစ်အာဏာရှင်လက်အောက် အခြေအနေ ပိုဆိုးတယ်” လို့ မစ္စကယ်ရင်က ဆိုပါတယ်။





“အဆိုးထဲက အကောင်းကတော့ စစ်အာဏာရှင်ကို တွန်းလှန်ကြဖို့ လူတွေအားလုံး တသွေးတသားတည်း စည်းလုံးသွားစေတယ်။ ဒီတိုက်ပွဲမှာ လူတွေ ညီညွတ်ကြတယ်” from ဟယ်နာကယ်ရင် Atutu Canada


BBC Burmese

https://www.bbc.com/burmese/live/burma-57072578

ကနေဒါမြို့မှာ ခင်းကျင်းထားတဲ့ မြန်မာ့နွေဦးတော်လှန်ရေး အနုလက်ရာပြပွဲ  ကနေဒါမြို့မှာ ခင်းကျင်းထားတဲ့ မြန်မာ့နွေဦးတော်လှန်ရေး အနုလက်ရာပြပွဲ Reviewed by THITHTOOLWIN on 20:31 Rating: 5

No comments:

Powered by Blogger.