ရန်ကုန်မှာ အကြီးဆုံး စျေး၀ယ်စင်တာဆောက်မယ့် အစီအစဉ် ဂျပန် အီအွန်ကုမ္ပဏီ ဆိုင်းငံ့

 ကုန်တိုက်၊ စတိုးဆိုင်လုပ်ငန်းတွေမှာ အာရှအခြေစိုက် အကြီးဆုံးကုမ္ပဏီ

ရန်ကုန်မှာ စျေး၀ယ်စင်တာ အသစ်တစ်ခု အခု နွေရာသီဆိုရင် စတင် ဆောက်လုပ်ဖို့ စီစဥ်ထားတာကို ဂျပန်အခြေစိုက် AEON အီအွန် ကုမ္ပဏီက လက်ရှိ မြန်မာ့ နိုင်ငံရေး အခြေအနေကြောင့် ဆိုင်းငံ့လိုက်ပါတယ်။

ပရောဂျက် လုံးဝဖျက်လိုက်တဲ့ အဆင့်မဟုတ်ပေမယ့်၊ ဘယ်အချိန် လုပ်ငန်းစမယ် ဆိုတာ အခုအချိန် မဆုံးဖြတ်နိုင်သေးဘူးလို့ သတင်းရင်းမြစ်တွေက ဆိုပါတယ်။

မြန်မာပြည်မှာ အကြီးဆုံး ဖြစ်လာနိုင်တဲ့ စျေး၀ယ်စင်တာ ရှော့ပင်းမောကြီး တစ်ခု ဆောက်ဖို့ အီအွန် စီစဥ်ခဲ့တာ ဖြစ်ပါတယ်။

ပြည်တွင်း ကုမ္ပဏီတွေနဲ့ ဖက်စပ်လုပ်ဆောင်မယ့် အမေရိကန် ဒေါ်လာ သန်း ၁၈၀ တန် အဲဒီ လုပ်ငန်း ပရောဂျက်ကို မြန်မာဘက်ကလည်း ခွင့်ပြုထားနှင့်ပြီး ဖြစ်ပါတယ်။

အဲဒီ ပရောဂျက် အတွက် မြန်မာပြည်ထဲ လွှတ်ထားတဲ့ အီအွန်၀န်ထမ်း နှစ်ယောက် အခုဆို ဂျပန်ပြည်ကို ပြန်ရောက်သွားကြပြီလို့ နားလည်ရပါတယ်။

အီအွန် ဟာ စျေး၀ယ်စင်တာ၊ ကုန်တိုက်၊ စတိုးဆိုင်လုပ်ငန်းတွေမှာ အာရှ အခြေစိုက် အကြီးဆုံး ကုမ္ပဏီကြီး ဖြစ်ပါတယ်။


BBC Burmese

https://www.bbc.com/burmese/live/burma-57072578

ရန်ကုန်မှာ အကြီးဆုံး စျေး၀ယ်စင်တာဆောက်မယ့် အစီအစဉ် ဂျပန် အီအွန်ကုမ္ပဏီ ဆိုင်းငံ့  ရန်ကုန်မှာ အကြီးဆုံး စျေး၀ယ်စင်တာဆောက်မယ့် အစီအစဉ် ဂျပန် အီအွန်ကုမ္ပဏီ ဆိုင်းငံ့ Reviewed by THITHTOOLWIN on 20:27 Rating: 5

No comments:

Powered by Blogger.