စစ်​​ကောင်စီ​​တပ်များ ဝင်​ရောက်​နေထိုင်သည့် ယုဇနကုမ္ပဏီ အ​ဆောက်အဦးများအား ​ကေအိုင်​အေမှ ဖျက်ဆီးပစ်


May 20 - Kachinwaves 

စစ်​ကောင်စီတပ်ဖွဲ့ဝင်​များ လာ​နေလျှက်ရှိသည့် ဖားကန့်မြို့နယ်ရှိ ရှထူးဇွပ်ကျေးရွာအုပ်စု ဘန်ကောက်ကျေးရွာက ယုဇနကုမ္ပဏီစက်ရုံကြီးအား ဘက်​ဖော်နှစ်စီးဖြင့် မေ ၁၉ရက်နေ့ည ၉နာရီခန့်တွင် ကေအိုင်​အေမှ ဖျက်ဆီးပစ်ခဲ့ကြောင်း သတင်းရရှိသည်။ 

ယုဇနကုမ္ပဏီတွင် ၀င်ရောက်နေထိုင်မှုများ မပြုလုပ်ရန် ​ကေအိုင်​အေမှ သတိပေးထားသော်လည်း စစ်ကောင်စီ လက်နက်ကိုင်များ ၀င်​ရောက်​နေထိုင်လာသဖြင့် ဖျက်ဆီးခဲ့ခြင်းဖြစ်သည်ဟု ဒေသခံတစ်ဦး ကပြောသည်။

“ကေအိုင်အေကနေ တစ်ယောက်မှ မနေနဲ့လို့ ပြောထားတယ် ဟိုနေ့က စစ်ကောင်စီတွေ တက်လာလို့ ပြန်လာနေတယ်။ ပြန်လာခိုးအိပ်တာတွေရှိလို့ အဲ့လို ခိုးအိပ်ဖို့ နေရာမရှိအောင်အပြတ်ရှင်းလိုက်တဲ့ သဘောထင်တယ်"ဟု ဖားကန့် ဒေသခံတစ်ဦး ပြောသည်။

ထိုသို့ဖျက်ဆီးခံရပြီး​​နောက် ရှထူးဇွပ်​ကျေးရွာတွင် စခန်းထိုင်သည့် စစ်​ကောင်စီလက်နက်ကိုင်တပ်မှ လက်နက်ကြီး​များ ပစ်ခတ်ခဲ့​ကြောင်းလည်း သိရသည်။

ထိုသို့ ယုဇနကုမ္ပဏီအ​ဆောက်အဦးများ ဖျက်ဆီးရခြင်းနှင့် ပတ်သတ်၍ သတင်းမကြား​သေး​ကြောင်း ​ကေအိုင်အို သတင်းနှင့် ပြန်ကြားရေးတာ၀န်ခံ ဗိုလ်မှူးကြီးနော်ဘူက ပြောသည်။

 ယုဇနကုမ္ပဏီအတွင်းရှိ ၀န်ထမ်းအိမ်ရာအနည်းငယ်နှင့် ခြံခတ်ထားသည့် အုတ်နံရံများကိုမြေတူးသည့် ကားနှစ်စီးဖြင့် ဖျက်ဆီးပေးခဲ့ကြောင်း သိရသည်။

ရှထူးဇွပ်ကျေးရွာအုပ်စု ဘန်ကောက်ကျေးရွာတွင် ယုဇန ကုမ္ပဏီ၏ စက်ရုံကြီးရှိပြီး ၀န်ထမ်းအိမ်ရာအများလည်း ​ဆောက်လုပ်ထားကြောင်း သိရသည်။

ကေအိုင်အေမှ ယုဇနကုမ္ပဏီအား ယခုလို ဖျက်ဆီးပေးခြင်းမှာ ဒုတိယအကြိမ်ဖြစ်သည်။

ဦး​ဌေးမြင့် ပိုင်သည့် ယုဇနကုမ္ပဏီသည် လီဒိုလမ်းမပေါ်က ​ကျေးရွာပြည်သူများ၏ ​မြေ​နေရာ ဧက ၂သိန်း​ကျော်ကို သိမ်းယူထားသည့် ကုမ္ပဏီဖြစ်သည်။





Kachinwaves 

https://www.facebook.com/kachinwavesnews/

စစ်​​ကောင်စီ​​တပ်များ ဝင်​ရောက်​နေထိုင်သည့် ယုဇနကုမ္ပဏီ အ​ဆောက်အဦးများအား ​ကေအိုင်​အေမှ ဖျက်ဆီးပစ် စစ်​​ကောင်စီ​​တပ်များ ဝင်​ရောက်​နေထိုင်သည့် ယုဇနကုမ္ပဏီ အ​ဆောက်အဦးများအား ​ကေအိုင်​အေမှ ဖျက်ဆီးပစ် Reviewed by THITHTOOLWIN on 19:45 Rating: 5

No comments:

Powered by Blogger.