စစ်တပ်စီးပွားရေးကို သပိတ်မှောက်တာ ထိရောက်တယ်

စစ်တပ်ရဲ့ စီးပွားရေးကို အများပြည်သူ ပိုပြီး သတိထား ရှောင်ကြဉ်လာ

မြန်မာစစ်တပ် လက်ဝါးကြီးအုပ်ထားတဲ့ စီးပွားရေးလုပ်ငန်းတွေ၊ စစ်တပ်ပိုင် ကုမ္ပဏီတွေရဲ့ ထုတ်ကုန်တွေကို အားမပေးရေး၊ မသုံးစွဲရေးကို ပြည်သူတွေ အရင်ကထက် သတိထားလုပ်ဆောင်နေတာ ထိရောက်မှု ရှိတယ်လို့ စောင့်ကြည့်လေ့လာသူ တချို့က ပြောကြပါတယ်။

ဥပမာ- မြန်မာဘီယာ ရောင်းအား ထိုးကျသွားတယ်လို့ ဆိုပါတယ်။ စစ်တပ်ပိုင် ဦးပိုင် နဲ့ ဖက်စပ် လုပ်တဲ့ ဂျပန်ကုမ္ပဏီ ကီရင်ရဲ့ ပထမ လေးလပတ် ဘဏ္ဍာရေးဆိုင်ရာ ထုတ်ပြန်ချက်ထဲ အဲဒီအချက်ကို တွေ့ရတာ ဖြစ်ပါတယ်။

ကီရင်ရဲ့ စာရွက်စာတမ်းတွေအရ အရင်နှစ် လေးလတာ ရောင်းအားနဲ့ ယှဥ်ရင် မြန်မာဘီယာ ရောင်းအား ၄၆% ထိုးဆင်းသွားတာ တွေ့ရပါတယ်။

မြန်မာစစ်တပ်နဲ့ ဘယ်သူတွေ စီးပွားဖက် လုပ်နေလဲဆိုတာ စောင့်ကြည့် ဖော်ထုတ်နေတဲ့ Justice For Myanmar အဖွဲ့က စစ်တပ်ထုတ်ကုန်တွေကို အများပြည်သူ သပိတ်မှောက်တာ ထိရောက်ပြီး၊ စစ်ရာဇ၀တ်မှု ကျူးလွန်သူတွေရဲ့ အကျိူးစီးပွားကို တိုက်ရိုက်ထိခိုက်တယ်လို့ ဆိုပါတယ်။

“ကီရင်က ကိုဗစ်အခြေအနေကြောင့်၊ နိုင်ငံရေး မတည်ငြိမ်မှုတွေကြောင့်လို့ ဆိုနေပေမယ့် တကယ်က မြန်မာပြည်သူတွေက စစ်တပ်ရဲ့ ရွံ့ရှာဖွယ် လက်ဝါးကြီးအုပ် စီးပွားရေးကို ငြင်းပယ်နေကြတာက အခြေခံအကြောင်း ဖြစ်တယ်” လို့ JFM ပြောခွင့်ရ မရတနာမောင်က ဆိုပါတယ်။

ဂျပန် ကုမ္ပဏီ ကီရင်ကလည်း ဦးပိုင်နဲ့ လက်တွဲဖြုတ်မယ့် အကြောင်း ကြေညာထားပြီး ဖြစ်ပါတယ်။

စစ်တပ်ရဲ့ ရွံ့ရှာဖွယ် လက်ဝါးကြီးအုပ် စီးပွားရေးဆိုပြီး Justice for Myanmar အဖွဲ့ကရည်ညွှန်း

BBC Burmese

https://www.bbc.com/burmese/live/burma-57072578

စစ်တပ်စီးပွားရေးကို သပိတ်မှောက်တာ ထိရောက်တယ်  စစ်တပ်စီးပွားရေးကို သပိတ်မှောက်တာ ထိရောက်တယ် Reviewed by THITHTOOLWIN on 20:27 Rating: 5

No comments:

Powered by Blogger.