ပြည်ထဲရေး ဒုဝန်ကြီး၏ ညီအရင်း၊ ABSDF ရဲဘော် ကိုစိုးမိုလှိုင်(ခ) ကိုမဲကြီး စစ်ကြောရေးတွင် သေဆုံး


မေ ၂၅ရက် ၂၀၂၁

ပြည်ထဲရေး ဒုတိယဝန်ကြီး ဒုတိယ ဗိုလ်ချုပ်ကြီး သန်းလှိုင် ၏ ညီအရင်း ဖြစ်သူ ကိုစိုးမိုးလှိုင် (ခ) ကိုမဲကြီး ကို ယမန်နေ့ ( မေ ၂၄)ရက် စစ်ကြောရေး တွင် သေဆုံးခဲ့ကြောင်း သိရသည်။

ကိုစိုးမိုးလှိုင်(ခ) ကိုမဲကြီး ဟာ စစ်အာဏာသိမ်းမှုကို ဆန့်ကျင်သည့် ပရဟိတသမားဖြစ်ပြီး၊ မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦး (ABSDF) ၏  ရဲဘော်တဦးလည်း ဖြစ်သည်။

သူသည် ပဲခူးမြို့ ဘုရားကြီးကျေးရွာတွင် ဝင်္ဂဘာ နိုင်ငံရေး အကျဉ်းသားပညာရေးကွန်ယက် တည်ထောင်ကာ ပဲခူးမြစ်ဖျားကျေးရွာများတွင် နွမ်းပါးသူများအတွက် ပရဟိတလုပ်ငန်းများလုပ်ဆောင်ပေးနေသူ ဖြစ်ကြောင်းလည်း သိရသည်။

ပဲခူးမြို့ ပဲခူးမြစ်ဖျားရှိ တိုက်ကြီးကျေးရွာ နေထိုင်သည့် အသက် ၅၅ နှစ်အရွယ် ရှိ ကိုမဲကြီး နှင့် အတူ စစ်ကောင်စီ အုပ်စုက မေ ၂၂ရက် တွင် ဖမ်းဆီးခေါ်ဆောင်သွားခဲ့သည်။

ထို့နောက် ကိုမဲကြီးကို ဇောင်းတူစစ်ကြောရေးသို့ခေါ် ဆောင်သွားပြီးနောက် ယမန်နေ့ ( မေ ၂၄)  ရက်နေ့တွင် သွေးပေါင်ကျ၍သေဆုံးကြောင်း စစ်ကောင်စီမှ မိသားစုကို အကြောင်းကြားခဲ့သည်။

ဆက်လက်ပြီး မိသားစုဝင်များက လိုက်သွားရာ မေလ ၂၅ ရက်နေ့ နေ့လည်ပိုင်း အချိန်ခန့်  မင်္ဂလာဒုံစစ် ဆေးရုံမှ အလောင်းထုတ်၍ သဂြိုလ်ခွင့်ပြုချက် ရရှိခဲ့ကြောင်း သိရသည်။


SHAN News (Burmese Version) 

https://www.facebook.com/shannewsburmese

ပြည်ထဲရေး ဒုဝန်ကြီး၏ ညီအရင်း၊ ABSDF ရဲဘော် ကိုစိုးမိုလှိုင်(ခ) ကိုမဲကြီး စစ်ကြောရေးတွင် သေဆုံး ပြည်ထဲရေး ဒုဝန်ကြီး၏ ညီအရင်း၊ ABSDF ရဲဘော် ကိုစိုးမိုလှိုင်(ခ) ကိုမဲကြီး စစ်ကြောရေးတွင် သေဆုံး Reviewed by THITHTOOLWIN on 00:30 Rating: 5

No comments:

Powered by Blogger.