အကြမ်းဖက် စစ်ကောင်စီအုပ်စုမှ ဒေသခံတဦးကို အိမ်ထဲထိ ဝင်ရောက်ရိုက်နက်ပြီး သေဆုံး



Share/Bookmark
Photo - CJ

လွိုင်ကော်-ဒီမော့ဆိုမြို့လမ်းမကြီးရှိ ဒေါပိုးစီကျေးရွာမှာ ယနေ့ မေလ ၂၅ရက်နေ့ ညနေ ၄နာရီကျော်မှာ စစ်ကောင်စီအုပ်စု အင်အား ၃၀ခန့်က ဒေသခံတစ်ဦးကို နေအိမ်ခြံထဲထိ ဝင်ရောက်ပြီး ညှင်းပန်းနှိပ်စက် ရိုက်သတ်ခဲ့တယ်လို့ ကျေးရွာသားတစ်ဦးက ကန္တာရဝတီတိုင်း(မ်)ကို ပြောပါတယ်။ 

"အိမ်ထဲမှာနေတယ်ပြောတာပဲ အိမ်ထဲဝင်လာပီးတော့ ရိုက်သတ်သွားတာ အယောက်၃၀လောက်ရှိတယ် ဝင်လာပီး ပြန်ထွက်သွားတယ်" လို့ ၎င်းကပြောပါတယ်။

စစ်ကောင်စီအုပ်စုနဲ့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ တို့ အပြန်အလှန်ပစ်ခတ်မှုဖြစ်ပွားနေသလို စစ်ကောင်စီဖက်ကနေ လက်နက်ကြီးတွေနဲ့သုံးပြီး ပစ်ခတ်နေတာကြောင့် ကျေးရွာရှိနေအိမ်အချို့

ပျက်ဆီးခဲ့ရပါတယ်။


Kantarawaddy Times 

https://www.facebook.com/KantarawaddyTimes



Share/Bookmark

မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

အချိန်နဲ့တပြေးညီ သတင်းများ ဖတ်ရှုနိုင်ဖို့ facebook "like" ကို နှိပ်ပါ။ thithtoolwin9@gmail.com ကို လည်း သတင်းများ ဆက်သွယ်ပေးပို့နိုင်ပါသည်။
 

Last 7 days Pageviews

ကျန်းမာရေးနှင့် ဖျော်ဖြေရေး

တစ်ပတ်အတွင်း စိတ်ဝင်စားဖွယ်ရာ သတင်းများ