တာချီလိတ် ပေါက်ကွဲမှုများဖြစ်ပွား


မေ ၂၅ရက် ၂၀၂၁

သျှမ်းရှေ့တာချီလိတ်မြို့တွင် ယနေ့ ( မေ ၂၅)ရက် ည(၉)နာရီဝန်းကျင်တွင် ပေါက်ကွဲမှုများဖြစ်ပွားခဲ့ကြောင်း သတင်းရရှိသည်။

ပေါက်ကွဲသည့်နေရာများသည် စစ်ကောင်စီ အုပ်စုမှ  လုံခြုံရေးယူထားသည့် ဆန်ဆိုင်း ရပ်ကွက်ရှိ အထက်တန်းကျောင်း၊ ဟောင်လိတ် ရပ်ကွက်ရှိ အထက်တန်းကျောင်း နှင့်တာလော့ ရပ်ကွက် အလယ်တန်းကျောင်း တို့ဖြစ်ကြောင်း  တာချီလိတ်မြို့ ခံဒေသခံများ ပြောပြချက် အရသိရသည်။

“ ကျောင်းတွေမှာ ပေါက်ကွဲတာ။ ကျောင်းတွေမှာလည်း စစ်သားတွေ အပြည့်လုံခြုံရေး ယူထားတယ်။ လူထိခိုက်မှုတော့ မရှိဘူးပြောတာပဲ” ဟု တာချီလိတ်ဒေသခံ အမျိုးသားတဦး ကသျှမ်းသံတော်ဆင့် ကို ပြောသည်။

ယမန်နေ့ (မေ ၂၄)ရက်မှစတင်ကာ စစ်ကောင်စီ အုပ်စု က ကျောင်းအပ်ရန် အတွက် တာချီလိတ်မြို့ ပေါ်ရှိ ကျောင်းများတွင် လုံခြုံရေး တင်းကြပ်ထားကြောင်း သိရသည်။

ယမန်နေ့ ညတွင်လည်း တာချီလိတ်မြို့ ပုန်းထွန်ရပ်ကွက် တွင် ပေါက်ကွဲမှုဖြစ်ပွားခဲ့ပြီး လူထိခိုက်မှုမရှိကြောင်းသိရသည်။

“ ဒီရက်ပိုင်းက နေ့တိုင်းနီးပါး ပေါက်ကွဲမှုတွေ ဖြစ်နေတယ်။ ညဆိုရင် လူတွေ ကတော့ အပြင်မထွက်တော့ဘူး။ ကြောက်စိတ်၊ စိုးရိမ်စိတ်ကတော့ အမြဲတမ်းရှိပါတယ်” ဟု တာချီလိတ်မြို့ တွင်နေထိုင်သည့် အမျိုးသမီး တစ်ဦးက သျှမ်းသံတော်ဆင့် ကို ပြောသည်။

တာချီလိတ်မြို့နယ်အတွင်း  ညပိုင်း ဗုံးပေါက်ကွဲမှု မကြာခဏ ဖြစ်ပွားနေကြောင်း သိရသည်။


SHAN News (Burmese Version) 

https://www.facebook.com/shannewsburmese

တာချီလိတ် ပေါက်ကွဲမှုများဖြစ်ပွား တာချီလိတ် ပေါက်ကွဲမှုများဖြစ်ပွား Reviewed by THITHTOOLWIN on 00:29 Rating: 5

No comments:

Powered by Blogger.