ကျောက်ပန်းတောင်း NLD အမတ် အဖမ်းခံရ

ကျောက်ပန်းတောင်း NLD အမတ် အဖမ်းခံရ မန္တလေးတိုင်း၊ ကျောက်ပန်းတောင်းမြို့နယ် တိုင်းလွတ်တော်ကိုယ်စားလှယ် ဦးအေးခိုင်ကို တွေ့ရစဉ် / Photo: CJ

မန္တလေးတိုင်း၊ ကျောက်ပန်းတောင်းမြို့နယ် တိုင်းလွတ်တော်ကိုယ်စားလှယ်လည်းဖြစ်၊ NLD အလုပ်အမှု ဆောင်အဖွဲ့ဝင်ဖြစ်တဲ့ ဦးအေးခိုင်ကို စစ်ကောင်စီက ဒီကနေ့ နေ့လယ်ပိုင်းက ဖမ်းဆီးသွားပါတယ်။

"ရှောင်နေရာကနေ အိမ်ခဏပြန်အလာ၊ မြို့ထဲမှာ ဖုန်းဆက်နေတုန်းဖမ်းခံလိုက်ရတယ်။ ဖုန်းလည်းပါ သွားတယ်" လို့ မန္တလေးတိုင်း NLD ပါတီက အမည်မဖော်လိုသူတစ်ဦးက RFA ကိုပြောပါတယ်။

အာဏာသိမ်းစစ်ကောင်စီဟာ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ပိုင် ရုံးခန်းတွေကို ချိတ်ပိတ်စစ်ဆေးတာတွေ ရှိနေပြီး၊ ပါတီတာဝန်ရှိသူတွေ အဖွဲ့ဝင်တွေကို လိုက်လံဖမ်းဆီးနေပါတယ်။


RFA Burmese

https://www.rfa.org/burmese/news/kyaukpadaung-nld-mp-arrested-04062021074037.html

ကျောက်ပန်းတောင်း NLD အမတ် အဖမ်းခံရ  ကျောက်ပန်းတောင်း NLD အမတ် အဖမ်းခံရ Reviewed by THITHTOOLWIN on 20:05 Rating: 5

No comments:

Powered by Blogger.