စစ်ကောင်စီ သတင်းပေးကြောင့် မော်လမြိုင်ကျွန်းအမတ် အဖမ်းခံရ

စစ်ကောင်စီ သတင်းပေးကြောင့် မော်လမြိုင်ကျွန်းအမတ် အဖမ်းခံရ မော်လမြိုင်ကျွန်းမြို့နယ် တိုင်းလွှတ်တော်ကိုယ်စားလှယ် ဦးရဲကျော်သွင်ကို တွေ့ရစဉ် / Photo CJ

ဧရာဝတီတိုင်း၊ မော်လမြိုင်ကျွန်းမြို့နယ် တိုင်းလွှတ်တော်ကိုယ်စားလှယ် ဦးရဲကျော်သွင်ကို စစ်ကောင်စီက ဒီကနေ့ နေ့လယ်ပိုင်းက ဖမ်းဆီးသွားပါတယ်။

မြို့နယ်တွင်း ရွာတစ်ရွာမှာ တိမ်းရှောင်နေစဉ် စစ်ကောင်စီသတင်းပေးတစ်ဦးရဲ့ သတင်းပေး တိုင်ကြား ချက်ကြောင့် ဖမ်းဆီးခံရတာလို့ မြို့နယ် NLD ပါတီရဲ့ အမည်မဖော်လိုသူတစ်ဦးက RFA ကိုပြောပါတယ်။

သတင်းပေးကြောင့် ရွာကို စစ်သားတွေ ဝိုင်းလာပြီးနောက် ဦးရဲကျော်သွင်နဲ့ အတူ ဦးလေးဖြစ်သူကိုလည်း ဖမ်းခေါ်သွားတယ်လို့ ဆိုပါတယ်။

အာဏာသိမ်းစစ်ကောင်စီဟာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပိုင် ရုံးခန်းတွေကို ချိတ်ပိတ်စစ်ဆေးတာတွေ ရှိနေပြီး၊ ပါတီတာဝန်ရှိသူတွေ၊ အဖွဲ့ဝင်တွေ၊ လွှတ်တော်ကိုယ်စားလှယ်တွေကို လိုက်လံဖမ်းဆီးနေပါတယ်။

လက်ရှိ ရပ်ကွက်ကျေးရွာတွေထဲမှာ စစ်ကောင်စီ သတင်းပေးတွေလည်းရှိနေတယ်လို့ ဒေသခံတွေကပြောဆို နေကြပါတယ်။


RFA Burmese

https://www.rfa.org/burmese/news/soldiers-arrest-nld-yekyawthwin-04062021082928.html

စစ်ကောင်စီ သတင်းပေးကြောင့် မော်လမြိုင်ကျွန်းအမတ် အဖမ်းခံရ စစ်ကောင်စီ သတင်းပေးကြောင့် မော်လမြိုင်ကျွန်းအမတ် အဖမ်းခံရ Reviewed by THITHTOOLWIN on 20:03 Rating: 5

No comments:

Powered by Blogger.