ပင်လည်ဘူးမြို့သားများ တိုက်ပွဲတိမ်းရှောင်ထွက်ပြေး


ပင်လည်ဘူးမြို့မှာ ဧပြီလ၅ရက်နေ့က ဆန္ဒပြသူတွေကို ရဲကဖမ်းဆီးခဲ့ပြီးနောက် ရဲအဖွဲ့နဲ့ တူမီးသေနတ်ကိုင် အရပ်သားတွေ တိုက်ပွဲဖြစ်ပွားခဲ့ကြပါတယ်။

ဧပြီလ ၅ ရက် တရက်လုံး ည၈နာရီခွဲအချိန်လောက်အထိ တိုက်ပွဲဖြစ်ပွားခဲ့ရာမှာ အရပ်သား၃ဦး ကျဆုံးခဲ့ပါတယ်။

ရဲစခန်းအနီးမှာရှိတဲ့ မြို့နယ်အထွေထွေအုပ်ချုပ်ရေးမှူးရုံး၊ စာရင်းစစ်ရုံးဟောင်း၊ ဥပဒေရုံးဟောင်း၊ တရားရုံးဟောင်းတွေ မီးလောင်ပျက်စီးသွားခဲ့ပါတယ်။

ဧပြီလ ၆ ရက် မနက်၄နာရီအချိန်မှာ ရဲစခန်းကို ထပ်မံပစ်ခတ်တိုက်ခိုက်မှုဖြစ်ပွားခဲ့ပြီး မနက် ၆ နာရီအချိန်မှာ တိုက်ပွဲ ပြီးဆုံးပါတယ်။

ဧပြီလ ၆ ရက် ညနေပိုင်းမှာတော့ ရဲအဖွဲ့ကို စစ်ကူပေးဖို့ စစ်ကား ၈ စီးနဲ့ရိုးရိုးကား ၂ စီး ကောလင်းဘက်ကနေ လာနေပါတယ်။ လမ်းတလျှောက်လုံးမှာ လမ်းဘေးတလျှောက်က ရွာတွေ အားလုံးက သစ်ပင်တွေ ခုတ်လှဲပြီး လမ်းပိတ်ဆို့ထားကြတဲ့အတွက် တဖြည်းဖြည်းချင်းသာရှေ့တိုးလာနိုင်ပါတယ်။

အခုအခါမှာ တိုက်ပွဲ ကြီးကြီးမားမား ဖြစ်လာမှာကို ကြောက်လန့်စိုးရိမ်တဲ့အတွက် မြို့နေ လူအများအပြားဟာ အိုးအိမ်စွန့်ခွာပြီး နီးစပ်ရာရွာတွေဆီရွှေ့ပြောင်းနေကြပါတယ်။

ပင်လည်ဘူးမြို့ကနေ ကားတွေ ဆိုင်ကယ်တွေ တန်းစီထွက်ခွာပြီးအလျင်အမြန် ရွှေ့ပြောင်းနေကြတယ်လို့ မြို့ခံတွေက ဘီဘီစီကိုပြောပါတယ်။


BBC Burmese

https://www.bbc.com/burmese/live/burma-56582387

ပင်လည်ဘူးမြို့သားများ တိုက်ပွဲတိမ်းရှောင်ထွက်ပြေး  ပင်လည်ဘူးမြို့သားများ တိုက်ပွဲတိမ်းရှောင်ထွက်ပြေး Reviewed by THITHTOOLWIN on 20:06 Rating: 5

No comments:

Powered by Blogger.