သတင်းထောက်နဲ့ စကားပြောလို့ ဖမ်းဆီး ခံရသူတွေကိစ္စ စစ်တပ်ကို CNN မေး

သတင်းထောက်နဲ့ စကားပြောလို့ ဖမ်းဆီး ခံရသူတွေကိစ္စ စစ်တပ်ကို CNN မေး ၂၀၂၁ ဧပြီလ ၃ ရက်နေ့က ရန်ကုန်မြို့ အင်းစိန် ၁၀ မိုင်ကုန်းဈေးတွင် ဒေသခံတစ်ဦးနှင့် စကားပြောနေသည့် CNN သတင်းထောက် Clarissa Ward / (Photo: Citizen Journalist)

CNN သတင်းထောက်နဲ့ စကားပြောခဲ့သူတွေကို ဖမ်းဆီးသွားတယ်ဆိုတဲ့ ကိစ္စနဲ့ပတ်သက်ပြီး မြန်မာစစ်တပ်ကို ဆက်သွယ် မေးမြန်းနေတယ်လို့ CNN သတင်းဌာနက RFA ကို ပြောပါတယ်။

မြန်မာနိုင်ငံကို ရောက်နေတဲ့ သတင်းထောက် Clarissa Ward နဲ့ စကားပြောခဲ့သူတွေ ဧပြီလ ၃ ရက် မနေ့က ဖမ်းဆီးခံရတဲ့သတင်းတွေနဲ့ ပတ်သက်ပြီး RFA က မေးမြန်းရာမှာ CNN သတင်းဌာနရဲ့ ပြောခွင့်ရသူ Jonathan Hokins က အီးမေးလ်ကတဆင့် အခုလို ဖြေဆိုခဲ့တာပါ။

Clarissa Ward ဟာ မြန်မာစစ်တပ်ရဲ့ ခွင့်ပြုချက်နဲ့ မြန်မာနိုင်ငံကို ရောက်နေတာဖြစ်ပြီး စစ်တပ် အစောင့်အကြပ်နဲ့ လှည့်လည် သတင်းယူနေတာလို့ Jonathan Hokins က ပြောပါတယ်။

ပြီးခဲ့တဲ့သောကြာနေ့က အင်းစိန်မြို့နယ်က ဈေးတစ်ခုကိုသွားပြီး ဒေသခံတွေနဲ့ စကားပြောခဲ့ရာမှာလည်း စစ်တပ် အစောင့်အကြပ်နဲ့ သွားခဲ့ရတာဖြစ်ကြောင်း၊ အခု အဖမ်းခံရသူတွေဟာ CNN နဲ့ တွေ့ဆုံ စကားပြောခဲ့သူတွေ ဟုတ်မဟုတ် အတိအကျ မသိရသေးကြောင်း၊ ဒီကိစ္စနဲ့ပတ်သက်ပြီး မြန်မာစစ်တပ်ကို ဆက်သွယ် မေးမြန်းထားကြောင်း ပြောပါတယ်။

ဧပြီလ ၃ ရက် မနက်ပိုင်းမှာ ရန်ကုန်မြို့ အင်းစိန် ၁၀ မိုင်ကုန်းဈေးကို CNN သတင်းထောက် Clarissa Ward သတင်းယူဖို့ရောက်ရှိခဲ့ပြီး ဒေသခံတချို့နဲ့ စကားပြောဆို မေးမြန်းတာတွေ ရှိခဲ့ပါတယ်။

အဲ့ဒီလိုစကားပြောဆိုပြီးနောက် CNN သတင်းထောက်ပြန်သွားတဲ့အချိန်မှာ သူနဲ့ စကားပြောခဲ့တဲ့ ဈေးသည်နှစ်ဦး၊ ကျောင်းသူတစ်ဦး ဖြစ်တဲ့ မယဉ်သက်တင်တို့ ဖမ်းဆီးခံခဲ့ရတာ ဖြစ်ပါတယ်။

ဖမ်းဆီးခံရတဲ့ကျောင်းသူ မယဉ်သက်တင်ကို စစ်ကြောရေးခေါ်သွားပြီး စစ်ဆေးနေတာ မိသားစုနဲ့ အဆက်အသွယ် မရသေးဘူးလို့လည်း သိရပါတယ်။


RFA Burmese

https://www.rfa.org/burmese/news/cnn-interviewees-reach-out-military-04032021132659.html

သတင်းထောက်နဲ့ စကားပြောလို့ ဖမ်းဆီး ခံရသူတွေကိစ္စ စစ်တပ်ကို CNN မေး  သတင်းထောက်နဲ့ စကားပြောလို့ ဖမ်းဆီး ခံရသူတွေကိစ္စ စစ်တပ်ကို CNN မေး Reviewed by THITHTOOLWIN on 20:03 Rating: 5

No comments:

Powered by Blogger.