ဖမ်းခံရတဲ့ ယင်းမာပင်ရွာသား ခြောက်ယောက်မှာ နှစ်ယောက် သေဆုံး

ဖမ်းခံရတဲ့ ယင်းမာပင်ရွာသား ခြောက်ယောက်မှာ နှစ်ယောက် သေဆုံး စစ်ကိုင်းတိုင်း၊ ယင်းမာပင်မြို့နယ် ပြည်သူတွေ ၂၀၂၁၊ ဖေဖော်ဝါရီ ၁၈ ရက်နေ့က စစ်အာဏာရှင်ဆန့်ကျင်ဆန္ဒပြကြစဉ် / Photo: CJ

စစ်ကိုင်းတိုင်း၊ ယင်းမာပင်မြို့နယ်၊ သပြေအေးကျေးရွာမှာ ဧပြီ ၂ ရက်နေ့က စစ်တပ်နဲ့ ရဲတပ်ဖွဲ့က ဖမ်းဆီး ခေါ်ဆောင်သွားခံရတဲ့ ရွာသား ခြောက်ယောက်မှာ နှစ်ယောက်် သေဆုံးသွားလို့ မုံရွာဆေးရုံကြီးကို အလောင်း လာယူဖို့ ဧပြီ ၄ ရက်၊ ဒီနေ့မနက် ရွာကို ဆက်သွယ်လာတယ်လို့ ဒေသခံတွေက ပြောပါတယ်။

"ယင်းမာပင် ရဲကနေတဆင့် လှမ်းပြောတယ်။ နှစ်ယောက်သေတာ အလောင်းလာယူဖို့ဆိုပြီး ဆက်တယ်။ သေဆုံးသူတွေက ဘယ်သူတွေမှန်း မသိရသေးဘူး။ အလောင်းသွားယူဖို့ကို ခက်ခဲနေတယ်"လို့ သပြေအေးရွာက ဒေသခံတစ်ယောက်က RFA ကို ပြောပါတယ်။

အခုလ ၂ ရက်နေ့က စစ်တပ်နဲ့ ရဲတပ်ဖွဲ့ ယာဥ်တန်းတွေဟာ သပြေအေးကျေးရွာ ဘုန်ကြီးကျောင်းကို ရောက်ရှိ လာချိန် ဒေသခံတွေနဲ့ စစ်ကောင်စီအဖွဲ့ဝင်တွေ ပြဿနာဖြစ်ပွားခဲ့တာ ဖြစ်ပါတယ်။

လတ်တလောမှာတော့ ကျေးရွာအတွင်းက အမျိုးသမီး၊ အသက်အရွယ်ကြီးသူတွေနဲ့ ကလေးတွေဟာ ရွာကနေ တိမ်းရှောင်နေကြရတယ်လို့ဆိုပါတယ်။

အဲဒီနေ့က ဖြစ်စဥ်မှာ ဒေသခံတွေဘက်က ဒဏ်ရာရသူ သုံးဦးထက်မနည်းရှိခဲ့ပါတယ်။


RFA Burmese

https://www.rfa.org/burmese/news/two-arrested-yinmarpin-villagers-dead-04042021035820.html

ဖမ်းခံရတဲ့ ယင်းမာပင်ရွာသား ခြောက်ယောက်မှာ နှစ်ယောက် သေဆုံး ဖမ်းခံရတဲ့ ယင်းမာပင်ရွာသား ခြောက်ယောက်မှာ နှစ်ယောက် သေဆုံး Reviewed by THITHTOOLWIN on 20:05 Rating: 5

No comments:

Powered by Blogger.