စစ်ကောင်စီ ပြန်ကြားရေးတာဝန်ခံကို CNN တွေ့ဆုံမေးမြန်း

ရန်ကုန်မြို့မှာ ဒေသခံတဦးကို မေးမြန်းနေတဲ့ CNN နိုင်ငံတကာရေးရာ အကြီးတန်းသတင်းထောက် Clarissa Ward.

မြန်မာနိုင်ငံမှာ ရောက်ရှိနေတဲ့ CNN ရုပ်သံသတင်းဌာနက နိုင်ငံတကာရေးရာ အကြီးတန်းသတင်းထောက် Clarissa Ward က နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီ သတင်းပြန်ကြားရေးအဖွဲ့ ခေါင်းဆောင်လည်းဖြစ်၊ ပြန်ကြားရေး ဒုတိယဝန်ကြီးလည်းဖြစ်တဲ့ ဗိုလ်မှူးချုပ် ဇော်မင်းထွန်းကို တွေ့ဆုံ မေးမြန်းနေတဲ့ ဓာတ်ပုံတွေ လူမှုကွန်ရက်ပေါ် တက်လာခဲ့ပါတယ်။

စစ်ကောင်စီဘက်ကရော CNN သတင်းထောက်ဘက်ကပါ အခုလို တွေ့ဆုံမေးမြန်းမှုနဲ့ ပတ်သက်လို့ အခုချိန်ထိ သတင်းထုတ်ပြန်တာတော့ မရှိသေးပါဘူး။

CNN သတင်းထောက်ဟာ လွန်ခဲ့တဲ့ ရက်ပိုင်းအတွင်းက ရန်ကုန်မြို့က နေရာအတော်များများကို သွားရောက်ပြီး သတင်းယူခဲ့တာမှာ မင်္ဂလာဒုံမှာ သူနဲ့ အင်တာဗျူးလုပ်မိသူ ၃ ဦးကို အာဏာပိုင်တွေက ဖမ်းဆီးထိန်းသိမ်းလိုက်ပါတယ်။

CNN သတင်းထောက်က သောကြာနေ့မှာ မင်္ဂလာဒုံစျေးနဲ့ ၁၀ မိုင်စျေးတွေကို သွားရောက်လေ့လာ ရိုက်ကူးစဉ် အင်တာဗျူးလုပ်မိသူတွေကို ဖမ်းဆီးခဲ့တာ ဖြစ်ပါတယ်။ အခုချိန်ထိ အဲဒီ ဖမ်းဆီးခံရသူ ၃ ဦးရဲ့ အခြေအနေတွေကို မသိရသေးပါဘူး။


ဗွီအိုအေ (မြန်မာပိုင်း)

https://burmese.voanews.com/a/cnn-interview-zaw-min-htun/5840092.html

စစ်ကောင်စီ ပြန်ကြားရေးတာဝန်ခံကို CNN တွေ့ဆုံမေးမြန်း စစ်ကောင်စီ ပြန်ကြားရေးတာဝန်ခံကို CNN တွေ့ဆုံမေးမြန်း Reviewed by THITHTOOLWIN on 20:18 Rating: 5

No comments:

Powered by Blogger.