ပဲခူးက CDM ကျောင်းဆရာမ တစ်ဦး ဖမ်းဆီးခံရ



Share/Bookmark
ပဲခူးက CDM ကျောင်းဆရာမ တစ်ဦး ဖမ်းဆီးခံရ ပဲခူးမြို့ အနောက်ပိုင်း အ.ထ.က(၇)ကျောင်းက အထက်တန်းပြ ဆရာမ ဒေါ်အေးအေးသက် ကို တွေ့ရစဉ် / Photo: CJ

ပဲခူးမြို့ အနောက်ပိုင်း အ.ထ.က(၇)ကျောင်းက အထက်တန်းပြ ဆရာမ ဒေါ်အေးအေးသက်ကို စစ်ကောင်စီ တပ်တွေက ဧပြီ ၂၅ ရက် ဒီကနေ့မနက် ၁၁ နာရီခွဲလောက်မှာ နေအိမ်ကနေ လာရောက်ဖမ်းဆီးသွားကြောင်း "မြေလတ်အသံ" သတင်းမှာ ဖော်ပြထားပါတယ်။

ဆရာမ ဒေါ်အေးအေးသက်ကို ပဲခူးအနောက် သပြေကုန်း ဘိုးဘွားရိပ်သာရှေ့ မဇင်းရပ်ကွက်၊ သပြေကုန်း ၁ လမ်း နေအိမ်ကနေ ဖမ်းဆီးသွားတာ ဖြစ်ပါတယ်။

"ဆရာမက CDM လုပ်ထားတာဖြစ်တယ်။ ရှောင်နေရာကနေ အိမ်ခဏပြန်ရင်း အဖမ်းခံရတာ" လို့ ရပ်ကွက်အတွင်း နေထိုင်သူ တစ်ဦးကို ကိုးကားပြီး "မြေလတ်အသံ" သတင်းမှာ ဖော်ပြထားပါတယ်။

၈၈ မျိုးဆက် ကျောင်းသားဟောင်း တစ်ဦးဖြစ်တဲ့ CDM လုပ်ထားတဲ့ ဆရာမ ဒေါ်အေးအေးသက်ကို စစ်ကောင်စီက ၅၀၅(က)နဲ့ ဖမ်းဝရမ်းထုတ်ထားကြောင်း သတင်းမှာ ဖော်ပြထားပါတယ်။


RFA Burmese

https://www.rfa.org/burmese/news/cdm-teacher-arrested-in-bago-04252021094401.html



Share/Bookmark

မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

အချိန်နဲ့တပြေးညီ သတင်းများ ဖတ်ရှုနိုင်ဖို့ facebook "like" ကို နှိပ်ပါ။ thithtoolwin9@gmail.com ကို လည်း သတင်းများ ဆက်သွယ်ပေးပို့နိုင်ပါသည်။
 

Last 7 days Pageviews

ကျန်းမာရေးနှင့် ဖျော်ဖြေရေး

တစ်ပတ်အတွင်း စိတ်ဝင်စားဖွယ်ရာ သတင်းများ