စစ်ကောင်စီတပ်တွေပစ်လို့ သေဆုံးသူ အလောင်းပြန်မရဘဲ သက်ပျောက်ဆွမ်းသွတ်

စစ်ကောင်စီတပ်တွေပစ်လို့ သေဆုံးသူ အလောင်းပြန်မရဘဲ သက်ပျောက်ဆွမ်းသွတ် ၂၀၂၁၊ ဧပြီ ၂၄ ရက်နေ့က မန္တလေးမြို့၊ ၆၅ လမ်း ၁၀၇ လမ်းထောင့်မှာ စစ်ကောင်စီတပ် ပစ်ခတ်မှုကြောင့် သေဆုံးခဲ့တဲ့ ကိုကောင်းထက်နိုင် အသက်(၂၂)နှစ် သေဆုံးခဲ့တဲ့နေရာကို တွေ့ရစဉ်

မန္တလေး ချမ်းမြသာစည်မြို့နယ်က ကိုကောင်းထက်နိုင် (၂၂ နှစ်) ဟာ ဧပြီလ ၂၄ ရက် မနေ့က ၆၅ လမ်း၊ ၁၀၇ လမ်းထောင့်မှာ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေရဲ့ ပစ်ခတ်မှုကြောင့် သေဆုံးခဲ့ပြီး ဒီကနေ့မှာတော့ မိသားစုက သက်ပျောက်ဆွမ်းသွတ်ခဲ့တယ်လို့ သိရပါတယ်။

"တာယာပုံ မီးရှို့လို့ဆိုပြီး မနေ့က ၁၀ နာရီ ၁၅ လောက်မှာ ပစ်ခံရတယ်။ ဗိုက်ထိသွားတယ်။ အလောင်းကို ယူသွားတယ်။ ဆေးရုံတွေနဲ့ နန်းတွင်း (စစ်ကောင်စီအခြေစိုက်ရာ မန္တလေးနန်းတွင်း) ကိုလည်း သွားမေး တယ်။ မသိဘူးပြောတယ်။ ကြာနီကန် သွားမေးတော့ မနေ့က တစ်ရက်တည်း သုံးလောင်း လောက် မီးရှို့ တယ်ပြောတယ်။ ကျည်ပစ်ခံရတဲ့နေရာမှာ သူ့ဖိနပ်လေး တွေ့ရတယ်။ သူ့ သူငယ်ချင်းတွေ ကလည်း ကိုကောင်းထက်နိုင် ပစ်ခံရပြီး လဲကျနေတာကို အတည်ပြုတော့ မိဘတွေက လက်မခံနိုင်ကြပေမယ့် အလောင်းမရှိဘဲ သက်ပျောက်ဆွမ်းသွတ်လိုက်တယ်" လို့ ကိုကောင်းထက်နိုင်ရဲ့ မိသားစုဝင် တစ်ယောက်က ပြောပါတယ်။

ကိုကောင်းထက်နိုင် သေနတ်နဲ့ ပစ်ခံရတဲ့နေရာကို စစ်ကောင်စီတပ်တွေက သွေးတွေကို ရေတွေနဲ့ ဆေးပြီး အလောင်းကို ခွေးဘလူးကားပေါ် ဆွဲတင်သွားတယ်လို့ မျက်မြင်တွေ့ရသူတွေက RFA ကို ပြောပါတယ်။

မန္တလေးမြို့မှာ စစ်အာဏာရှင် ဆန့်ကျင်ရေး ဆန္ဒပြသူတွေကို စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက အကြမ်းဖက် ဖြိုခွင်းခံရတာတွေရှိနေပေမယ့် ဆန္ဒပြတာတွေ နေ့စဥ်ရှိနေပါတယ်။


RFA Burmese

https://www.rfa.org/burmese/news/mdy-death-apr24-04252021042113.html

စစ်ကောင်စီတပ်တွေပစ်လို့ သေဆုံးသူ အလောင်းပြန်မရဘဲ သက်ပျောက်ဆွမ်းသွတ် စစ်ကောင်စီတပ်တွေပစ်လို့ သေဆုံးသူ အလောင်းပြန်မရဘဲ သက်ပျောက်ဆွမ်းသွတ် Reviewed by THITHTOOLWIN on 21:57 Rating: 5

No comments:

Powered by Blogger.