နေပြည်တော်မှာ လက်လုပ်မိုင်းတွေ့ပြီး မန္တလေး နဲ့ ပဲခူးတို့မှာ လက်လုပ်မိုင်းနဲ့ပစ်တာခံရကြောင်းစစ်ကောင်စီထုတ်ပြန်

 အာဏာသိမ်းပြီးဖေဖော်ဝါရီလဆန်းက နေပြည်တော်တွင်လုံခြုံရေးယူထားသောတပ်များ

ဧပြီလ ၂၅ ရက်နေ့ မနက်ပိုင်းက နေပြည်တော် ဥတ္တရသီရီ နယ်မြေက တံတားတစ်စင်းအောက်မှာလက်လုပ်မိုင်းတွေ့ ခဲ့ပြီးမန္တလေး အောင်မြေသာဇံမြို့နယ်က ဘဏ်၁ နဲ့ နန်းရှေ့ အနှိပ်တော်ရပ်ကွက်မျာ ဆိုင်ကယ်နဲ့ ကင်းလှည့်နေသူတွေလက်လုပ်မိုင်းနဲ့တိုက်ခိုက်ခံခဲ့ရတယ်လို့ လည်း စစ်ကောင်စီ ထိန်းချုပ်ထားတဲ့ မြန်မာ့ရုပ်မြင်သံကြားက ထုတ်ပြန်သွားခဲ့ပါတယ်၊

နေပြည်တော်မှာတွေ့ရှိခဲ့တဲ့ လက်လုပ်မိုင်းကို အသက်မဲ့အောင်ထိန်းချုပ်နိုင်ခဲ့ကြောင်းနဲ့မန္တလေးအနှိပ်တော်ရပ်ကွက် မှာ ဆိုင်ကယ်နဲ့ ရဲတပ်ဖွဲ့ဝင်တွေကို လက်လုပ်မိုင်းနဲ့ပစ် ခတ်တိုက်ခိုက်မှုကြောင့် ဒဏ်ရာရသူတွေရှိခဲ့ကြောင်းလည်းထုတ်ပြန်ခဲ့ပါတယ်။

ဒါ့အပြင် ပဲခူးတိုင်း တွင်းက ဝေါမြို့မှာ မီးသတ်တပ်ဖွဲ့ရုံးကိုလက်လုပ်မိုင်း ပစ်ခံရပြီး ချမ်းအေးသာဇံ ချမ်းသာယာရပ်ကွက်မှာ လူနေအိမ်တစ်လုံးအတွင်း လက်လုပ်မိုင်းတွေ့ခဲ့ရကြောင်းလည်း ထုတ်ပြန်ခဲ့ပါတယ်။

ရန်ကုန် တောင်ဥက္ကလာမြို့နယ်မှာ ဧပြီ ၂၄ ရက်နေ့က လက်လုပ်ဗုံး ၅ လုံးခန့်ပေါက် ခဲ့ပြီးဝေဇယန္တာလမ်းလယ်ကျွန်းပေါ်မှာ ပေါက်ကွဲမှုကြောင့် ရပ်ကွက်အုပ်ချုပ်ရေးမှူးနှစ်ဦး ဒဏ်ရာ ရခဲ့တယ်လို့ ထုတ်ပြန်ခဲ့ပါတယ်။


BBC Burmese

https://www.bbc.com/burmese/live/burma-56833883

နေပြည်တော်မှာ လက်လုပ်မိုင်းတွေ့ပြီး မန္တလေး နဲ့ ပဲခူးတို့မှာ လက်လုပ်မိုင်းနဲ့ပစ်တာခံရကြောင်းစစ်ကောင်စီထုတ်ပြန်  နေပြည်တော်မှာ လက်လုပ်မိုင်းတွေ့ပြီး မန္တလေး နဲ့ ပဲခူးတို့မှာ လက်လုပ်မိုင်းနဲ့ပစ်တာခံရကြောင်းစစ်ကောင်စီထုတ်ပြန် Reviewed by THITHTOOLWIN on 21:54 Rating: 5

No comments:

Powered by Blogger.