မြစ်ကြီးနားစည်ပင်မှ CDM ၀န်ထမ်းများအား ၀န်ထမ်းအိမ်ရာမှ ပြောင်းရွှေ့ခိုင်းခြင်းကြောင့် အချို့မှာ အခက်အခဲဖြစ်နေ


ဧပြီ၊၂၃ 

မြစ်ကြီးနာမြို့နယ် စည်ပင်သာယာရေးအဖွဲ့မှ CDMဝန်ထမ်း(၄၈)ဦးကို ဝန်ထမ်းအိမ်ရာမှ ယခုလ (၃၀)ရက်နေ့ နောက်ဆုံးထား ပြောင်းရွှေ့ရန် ‌အကြောင်းကြားလာသောကြောင့် အချို့မှာ နေရာထိုင်ခင်းအတွက် အခက်အခဲ ဖြစ်နေကြောင်း သိရသည်။ 

ယင်းသို့ တာ၀န်မှရပ်ဆိုင်းခြင်းခံရသည့် ၀န်ထမ်း (၄၈) ဦးအနက် (၁၀) ဦးခန့်မှာ နေရာထိုင်ခင်းအတွက် အခက်အခဲရှိနေခြင်းသည်။ 

မြစ်ကြီးနားမြို့နယ် စည်ပင်သာယာရေးအဖွဲ့တွင် တာဝန်ထမ်းဆောင်နေသူများအနက် CDMလှုပ်ရှားမှုတွင် ပါဝင်ဆောင်ရွက်ပြီး လုပ်ငန်းခွင်ဝင်ရောက်ရန် ပျက်ကွက်နေခြင်း၊ ဝန်ထမ်းများ လိုက်နာရမည့် ကျင့်ဝတ်အား ဖောက်ဖျက်ခြင်း၊ ဌာနဆိုင်ရာ စစ်ဆေးရေးအဖွဲ့မှ နိုင်ငံ့ဝန်ထမ်းဥပဒေ နည်းဥပဒေများနှင့် အညီ စစ်ဆေးရန် ခေါ်ယူခဲ့သော်လည်း လာရောက်စစ်ဆေးရန် ပျက်ကွက်ခြင်းကို တွေ့ရှိရသဖြင့် ၎င်းတို့အား  ဖေဖော်ဝါရီလ (၂) ရက်နေ့မှ စတင်ပြီး ၀န်ထမ်းအဖြစ်မှ ထုတ်ပယ်ပြီးကြောင်း ဧပြီလ (၁၂) ရက်နေ့ ရက်စွဲဖြင့် စာထုတ်ပြန်ခဲ့သည်။ 

ယခုလ(၃၀)ရက်နေ့ နောက်ဆုံးထား ပြောင်းရွှေ့‌ပေးရန် အကြောင်းကြားလာသည့်အပေါ် ၎င်းဝန်ထမ်းများမှ ပြောင်းရွှေ့နေထိုင်ရေးအတွက် နေရာများ အခက်အခဲ ဖြစ်နေသောကြောင့် အကူအညီလိုအပ်နေကြောင်းလည်း သိရသည်။


Myitkyina News Journal

https://www.facebook.com/myitkyinanewsjournal.mm/

မြစ်ကြီးနားစည်ပင်မှ CDM ၀န်ထမ်းများအား ၀န်ထမ်းအိမ်ရာမှ ပြောင်းရွှေ့ခိုင်းခြင်းကြောင့် အချို့မှာ အခက်အခဲဖြစ်နေ မြစ်ကြီးနားစည်ပင်မှ CDM ၀န်ထမ်းများအား ၀န်ထမ်းအိမ်ရာမှ ပြောင်းရွှေ့ခိုင်းခြင်းကြောင့် အချို့မှာ အခက်အခဲဖြစ်နေ Reviewed by THITHTOOLWIN on 20:42 Rating: 5

No comments:

Powered by Blogger.