မိုးမောက် စစ်ဘေးရှောင် ပြည်သူအချို့ နေရာထိုင်ခင်း အခက်အခဲဖြစ်နေ




ဓာတ်ပုံ- စစ်ဘေးတိမ်းရှောင်လာခဲ့သည့် ပြည်သူအချို့

ဧပြီ-၂၂ 

ဗန်းမော်ခရိုင်၊ မိုးမောက်မြို့ IDPs စခန်းတွင် စစ်ဘေးတိမ်းရှောင်လာသူအချို့ နေရာထိုင်ခင်း အခက်အခဲဖြစ် နေကြောင်း သိရသည်။ 

စစ်ဘေးတိမ်းရှောင်လာသူ များပြားလာသောကြောင့် နေရာထိုင်ခင်းမလုံလောက်သဖြင့် လူဦးရေ (၂၀၀)ဦးခန့်သည် သမံတလင်းတွင်သာ သုံးထပ်သားခင်းပြီးအိပ်စက်နေရကြောင်း စစ်ရှောင်စခန်းမှ  တာဝန်ရှိသူတစ်ဦးက ပြောသည်။ 

“အိပ်ဖို့နေရာမရှိဘူး။ သူတို့ကို သမံတလင်းမှာပဲနေရာချထားရတယ်။ လူအရမ်းများလာတော့ ရေချိုးခန်း အိမ်သာက မလောက်တော့ဘူး။ အရမ်းခက်ခဲနေတယ်။ ဟု ၄င်းကပြောသည်။ 

စားရေးသောက်ရေးအတွက် အလှူရှင်များ၏ အကူအညီများရရှိနေသော်လည်း ချက်ပြုတ်စား‌ေသာက်ရန်နေရာနှင့် ရေချိုးခန်း၊ အိမ်သာများ လုံလောက်မှုမရှိသောကြောင့် အခက်အခဲဖြစ်နေခြင်း ဖြစ်သည်။ 

စစ်ကောင်စီနှင့် KIA တို့ မိုးမောက်မြို့နယ်အတွင်း တိုက်ပွဲများ ဖြစ်ပွားနေခြင်းကြောင့် အဆိုပါ စစ်ရှောင်စခန်းတွင် ကုန်းလော၊ နွမ်လန့်၊ နောင်ချို၊ မြို့သစ် စသည့် ကျေးရွာများမှ စစ်ဘေးတိမ်းရှောင်လာသူ (၅၀၀) ကျော်ရှိပြီး အဆိုပါကျေးရွာများတွင်ယနေ့ချိန်ထိ ပစ်ခတ်မှုများရှိနေကြောင်းသိရသည်။


Myitkyina News Journal

https://www.facebook.com/myitkyinanewsjournal.mm/

မိုးမောက် စစ်ဘေးရှောင် ပြည်သူအချို့ နေရာထိုင်ခင်း အခက်အခဲဖြစ်နေ မိုးမောက် စစ်ဘေးရှောင် ပြည်သူအချို့ နေရာထိုင်ခင်း အခက်အခဲဖြစ်နေ Reviewed by THITHTOOLWIN on 20:41 Rating: 5

No comments:

Powered by Blogger.