NUG ထောက်ခံပွဲ စစ်တပ်မှလာရောက်နှောက်ယှက်ဟုဆိုကာ KNU/KNLA တပ်မဟာ ၁ နှင့် စစ်တပ်တို့ တစ်ရက်အတွင်း ပစ်ခတ်မှု နှစ်ကြိမ်ဖြစ်ပွား


သထုံ ဧပြီ ၂၃ ။

ယနေ့ နံနက် ၇ နာရီခန့်က အချိန်သထုံခရိုင်အတွင်းရှိ ကျိုက်ထို နှင့် ဘီးလင်းမှ ပြည်သူလူထုများသည် အစိုးရသစ် NUG ( National Unity Goverment ) ကို ထောက်ခံသော ဆန္ဒဖော်ထုတ်မှု တစ်ရပ်ကိုပြုလုပ်ခဲ့ရာ စစ်တပ်မှ လာရောက် နှောက်ယှက်ဟန့်တားမှုမပြုနိုင်ရန်အတွက် ကေအဲန်ယူ - တပ်မဟာ ၁ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်မှ စစ်သည်များသည် ဆန္ဒဖော်ထုတ်သော ပြည်သူလူထုများကို ဝန်းရံ၍ လုံခြုံရေးယူပေးနေစဉ်စစ်တပ်မှလာရောက်နှောက်ယှက်သဖြင့် ကျိုက်ကော် နှင့် နောင်ဘို အကြား၌ ပစ်ခတ်မှုဖြစ်ပွားခဲ့သည်။

မွန်းလွဲ ၁း၀၀ ခန့်အချိန်တွင် တစကခ - ၈ ၊ ခမရ ၄၀၆ နှင့် KNU/KNLA တပ်မဟာ - ၁ တပ်ဖွဲ့တို့သည် ကော့လယ်ရွာအနားရှိ ဆောဘီနားနေရာတွင် ထပ်မံထိတွေ့၍ ပစ်ခတ်မှု နောက်တစ်ကြိမ်ထပ်ဖြစ်ပွားခဲ့သည်။

အမြောက်တပ် ၃၁၄ တို့သည် မရမ်းကုန်းရွာထဲသို့ လက်နက်ကြီးများပစ်ချ၍ မရမ်းကုန်းရွာသူ တစ်ဦးကို ထိမှန်ခဲ့သည်။

ပစ်ခတ်မှုများဖြစ်ပွားခဲ့သော်လည်း ကေအဲယူ - တပ်မဟာ ၁ ၏ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်မှ လုံခြုံရေးယူပေးသည့်အတွက်အစိုးရသစ် NUG ကိုထောက်ခံသော ပြည်သူလူထု၏ ဆန္ဒဖော်ထုတ်ပွဲအစီအစဥ်သည် ကောင်းကောင်းမွန်မွန်နှင့် အောင်မြင်စွာပြုလုပ်နိုင်ခဲ့သည်။






Bago Weekly Journal Online Page

https://www.facebook.com/bagoweeklyjournal1212

NUG ထောက်ခံပွဲ စစ်တပ်မှလာရောက်နှောက်ယှက်ဟုဆိုကာ KNU/KNLA တပ်မဟာ ၁ နှင့် စစ်တပ်တို့ တစ်ရက်အတွင်း ပစ်ခတ်မှု နှစ်ကြိမ်ဖြစ်ပွား NUG ထောက်ခံပွဲ စစ်တပ်မှလာရောက်နှောက်ယှက်ဟုဆိုကာ KNU/KNLA တပ်မဟာ ၁ နှင့် စစ်တပ်တို့ တစ်ရက်အတွင်း ပစ်ခတ်မှု နှစ်ကြိမ်ဖြစ်ပွား Reviewed by THITHTOOLWIN on 20:47 Rating: 5

No comments:

Powered by Blogger.