CDM ဝန်ထမ်းများကိုရှိရင်းစွဲ လစာ အတိုင်း​ပေးရန် NUG ဦးစား​ပေး ပြင်ဆင်​နေ


April 30 - Kachinwaves

စစ်ကောင်စီလက်နက်ကိုင်များ လက်အောက်တွင် အလုပ်မလုပ်လို၍ CDM ပြုလုပ်ကာ အာဏာရှင်ဆန့်ကျင်ရေးတွင် ပါ၀င်လာကြသည့် ၀န်ထမ်းများကို အမျိုးသားညီညွတ်ရေးအစိုးရက ရှိရင်းစွဲလစာပေးရန် ဦးစားပေးပြင်ဆင်နေကြောင်း ဝန်ကြီး ဒေါက်တာ တူးခေါင်က ပြောသည်။

CDM များအတွက် စား၀တ်နေရေးနှင့် လုံခြုံရေးများ ထောက်ပံ့ရန် အမျိုးသားညီညွှတ်ရေး အစိုးရ NUG က ပြင်ဆင်နေကြောင်းလည်း ဆိုသည်။ 

“CDM တွေက အခုအချိန်မှာ ခြိမ်းခြောက်ခံနေရတဲ့ အနေအထားဖြစ်တယ်။ ခြိမ်းခြောက်ခံနေရတဲ့အနေအထားမှာ တစ်ချို့က လုံခြုံမှုမရှိဘူး တစ်ချို့က စား၀တ်နေရေး အခက်အခဲရှိနေတယ်။ အထူးသဖြင့်ကျွန်တော်တို့  တော်လှန်ရေးအောင်ဖို့အတွက် အဓိကရပ်တည်နေတဲ့အဖွဲ့အစည်းဖြစ်တယ် တစ်ချို့ဆိုရင် ကိုယ့်ရဲ့ ရာထူးတွေကြီးကြီးမားမား စွန့်လွတ်ရတယ်။ သူတို့အနေနဲ့ ဘယ်လို တောင့်ခံနိုင်မလဲဆိုတဲ့ဟာကို အဲ့ဒါကို အဓိက ဦးစားပေးလုပ်နေတာဖြစ်ပါတယ်။ ကျွန်တော်တို့ရဲ့ မစ်ရှင်မှာပေါ့နော် ဒီ CDM တွေကို ကျွန်တော်တို့ အမြဲတမ်း တောင့်ခံနိုင်ဖို့အတွက် လုပ်ရမဲ့တာ၀န်တွေမှာ နံပါတ်ဦးစားပေးမှာ ထည့်ထားပါတယ်"ဟု သယံဇာတနှင့် သဘာ၀ပတ်၀န်းကျင် ထိန်းသိမ်းရေး၀န်ကြီး ဒေါက်တာ တူးခေါင်က ပြောသည်။

CDMပြုလုပ်သည့်အတွက် ၀န်ထမ်းအချို့မိသားစုနှင့် အတိုက်အခံလုပ်ပြီး အိမ်ကနေ ဆင်းရသည့် ၀န်ထမ်းတွေရှိကြောင်း CDM ပြုလုပ်နေသည့် စည်ပင်၀န်ထမ်းတစ်ဦးက  ပြောသည်။

“CDM ၀န်ထမ်းတွေအတွက် NUG က မူရင်းလစာအတိုင်းပေးမယ်ဆိုရင် ကောင်းတာပေါ့နော် တစ်ချို့၀န်ထမ်းတွေကျတော့ အဲ့လစာအပေါ်မှာပဲ မိသားစုမှီခိုနေရတာဖြစ်တဲ့အတွက် အဲ့လိုစီစဥ် ပေးရင်တော့ အတိုင်းမသိပေါ့နော်”ဟု CDM ပြုလုပ်နေသည့် စည်ပင်၀န်ထမ်းတစ်ဦးက ပြောသည်။

NLD အစိုးရလက်ထက်တွင်အစိုးရ၀န်ထမ်းများကို ချေး​ပေးထားသည့် ငွေများကို CDM တွင် ပါ၀င်သည့် ၀န်ထမ်းများအားချေးငွေပြန်ဆပ်ခိုင်းကြောင်း သိရသည်။

သယံဇာတနှင့် သဘာ၀ပတ်၀န်းကျင် ထိန်းသိမ်းရေး၀န်ကြီးဌာနတွင် စစ်ကောင်စီ၏ အာဏာသိမ်းမှုကို ဆန့်ကျင်သည့် ရုံးမတက်ဘဲ ရုန်းထွက်ခြင်းဖြင့် ငြိမ်းချမ်းစွာ ဆန္ဒထုတ်ဖော်မှုတွင် ပါ၀င်ကြသည့် CDM ၀န်ထမ်း ၆ထောင်ကျော်ရှိကြောင်း သိရသည်။



Kachinwaves

https://www.facebook.com/kachinwavesnews

CDM ဝန်ထမ်းများကိုရှိရင်းစွဲ လစာ အတိုင်း​ပေးရန် NUG ဦးစား​ပေး ပြင်ဆင်​နေ CDM ဝန်ထမ်းများကိုရှိရင်းစွဲ လစာ အတိုင်း​ပေးရန် NUG ဦးစား​ပေး ပြင်ဆင်​နေ Reviewed by THITHTOOLWIN on 20:54 Rating: 5

No comments:

Powered by Blogger.