သုံးရက်နေ့နောက်ဆုံး CDM ထွက်ဖို့ ဝန်ထမ်းတွေကို ဖိအားပေးခံရ

CDM ပြုလုပ်နေတဲ့ ပညာရေးဝန်ထမ်းတွေ အခုလ၃ရက်နေ့နောက်ဆုံးထားပြီး အလုပ်ပြန်ဆင်းဖို့ ဖိအားပေးခံရတယ်လို့ သိရပါတယ်။ 

" CDM ထွက်ရင် ပုံမှန်အတိုင်းလစာပြန်ပေးမယ်ပေါ့။ မထွက်ရင် ဝရမ်းထုတ်မယ်လို့ ပြောတယ်။ " လို့ CDM ပြုလုပ်နေတဲ့ ဝန်ထမ်းတစ်ဦးက ပြောပါတယ်။

ကျောင်းတွေကို ဇွန်လ ၁ရက်နေ့မှာ ပြန်ဖွင့်မယ်လို့ သိရပါတယ်။

လက်ရှိCDM လုပ်နေတဲ့ ပညာရေးဝန်ထမ်းတွေက လစာ မယူတဲ့အတွက် မိသားစုတွေကလည်း စားဝတ်နေရေးတွေမှာ အခက်အခဲကြုံနေရပါတယ်။

CDM ပြုလုပ်နေတဲ့ ပညာရေးဝန်ထမ်း၊ ဆရာဝန်တွေ၊ Social punishment ပြုလုပ်သူတွေကို ပုဒ်မ ၅၀၅ က နဲ့အရေးယူသွားမယ်လို့ လည်းအာဏာသိမ်းစစ်ကောင်စီက MRTV မှာကြေညာထားပါတယ်။

ကယားပြည်နယ် ဆရာများသမ္မဂ္ဂက အာဏာသိမ်းစစ်ကောင်စီက ဖွင့်တဲ့ကျောင်းတွေကိုတက်မှာမဟုတ်ပဲ အမျိုးသားညီညွှတ်ရေးအစိုးရ NUG က ပေးအပ်တဲ့တာဝန်တွေတာထမ်းဆောင်မယ်လို့ ထုတ်ပြန်ထားတာရှိပါတယ်။


Kantarawaddy Times

https://www.facebook.com/KantarawaddyTimes

သုံးရက်နေ့နောက်ဆုံး CDM ထွက်ဖို့ ဝန်ထမ်းတွေကို ဖိအားပေးခံရ သုံးရက်နေ့နောက်ဆုံး CDM ထွက်ဖို့ ဝန်ထမ်းတွေကို ဖိအားပေးခံရ Reviewed by THITHTOOLWIN on 20:42 Rating: 5

No comments:

Powered by Blogger.