ကလေးမြို့မှာ ၂ဖက် ဖမ်းဆီးထားသူတွေ လဲလှယ်

ကလေး-ဧပြီ၄-၂၀၂၁

ကလေးမြို့အနောက်ခြမ်း တာဟန်းပင်မသပိတ်စခန်းဆီ ကျွံ၀င်လာတဲ့ ရဲတပ်ဖွဲ့၀င် ၅ ဦးနဲ့ စစ်တပ်သတင်းပေးနှစ်ဦးကို ဆန္ဒပြသူတွေက ခေတ္တထိန်းသိမ်ထားရာက ပြန်လွှတ်ပေးလိုက်ပြီးနောက်ပိုင်း စစ်တပ်ဖက်ကလည်း ဖမ်းဆီးခံ ပြည်သူ ၉ ဦးအား ချက်ချင်းလွှတ်ပေးခဲ့ပါတယ်။

ပုဒ်မတပ် တရားစွဲထားပြီးသူတွေကလွှဲလို့ အခြားဖမ်းဆီးထားတဲ့ ပြည်သူတွေကိုလည်း လာမယ့် တနင်္လာနေ့မှာ လွှတ်ပေးသွားမယ်လို့ သိရပါတယ်။ 

ခံတပ်အခိုင်အမာ တည်ဆောက်ထားတဲ့ ကလေးမြို့ ပင်မသပိတ်စခန်းထဲ ခေတ္တထိန်းသိမ်းထားရသူတွေထဲမှာ ယာဉ်ထိန်းရဲတပ်ဖွဲ့က ဒုရဲအုပ် ကိုမင်း၊ တပ်ကြပ်ကြီး သိန်းနိုင်ဦး ဒုတပ်ကြပ် နန္ဒမင်း၊ ရဲတပ်သား ဖြိုးသီဟ တို့ပါ၀င်သလို နယ်မြေခံရဲတစ်ဦးနဲ့ စစ်တပ်သတင်းပေး နှစ်ဦးတို့ ပါ၀င်ပါတယ်။ 

စစ်တပ်ဖက်က ကတိပေးထားတဲ့အတိုင်း ပုဒ်မတပ်တရားစွဲထားပြီးသူအချို့ကလွှဲလို့ ကျန်ရှိနေသေးတဲ့ ဖမ်းဆီးခံပြည်သူတွေကို အမှန်တကယ် လွှတ်ပေးမယ် လွှတ်မပေးဘူးဆိုတာကိုတော့ မနက်ဖြန် ဧပြီလ ၅ ရက် တနင်္လာနေ့မှာ စောင့်ကြည့်ရအုံးမယ်လို့ ကလေးမြို့ခံတွေက ပြောပါတယ်။ 


သိမ်မွေ့ကဗျာ

Voice of Myanmar

https://www.facebook.com/VoiceofMyanmarNews

ကလေးမြို့မှာ ၂ဖက် ဖမ်းဆီးထားသူတွေ လဲလှယ် ကလေးမြို့မှာ  ၂ဖက် ဖမ်းဆီးထားသူတွေ လဲလှယ် Reviewed by THITHTOOLWIN on 19:33 Rating: 5

No comments:

Powered by Blogger.