ပျဉ်းမနားဆိုင်ကယ်သပိတ် ပစ်ခတ်ဖြိုခွဲခံရ နှစ်ဦး သေဆုံး


ဓါတ်ပုံ-CJ

ဧပြီ ၄-၂၀၂၁

နေပြည်တော်ကောင်စီ နယ်မြေ ပျဉ်းမနားမြို့မှာ ဒီနေ့ မွန်းလွဲ ၂ နာရီခွဲခန့်မှာ ဆိုင်ကယ်သပိတ်စစ်ကြောင်းကို စစ်တပ်နဲ့ရဲက ကျည်အစစ်တွေနဲ့ ပစ်ခတ်ဖြိုခွဲခဲ့ရာက ကုလားလေး အသက် ၃၀ နဲ့  အမျိုးသားတစ်ဦး စုစုပေါင်း ၂ဦး သေနတ်ထိမှန်သေဆုံးခဲ့တယ်လို့ မြို့ခံတွေဆီက သိရှိရပါတယ်။

တစ်ယောက်က အခင်းဖြစ်နေရာမှာပဲသေဆုံးတာပါ။တစ်ဦးက ဒဏ်ရာတွေနဲ့ပြန်ယူလာနိုင်ပေမယ့် သွေးထွက်လွန်ပြီး သေဆုံးသွားတာပါ လို့ ဒေသခံအမျိုးသားတစ်ဦးကပြောပြပါတယ်။

နေပြည်တော်ကောင်စီမှာ အာဏာရှင်စနစ်ဆန့်ကျင်ရေးလူထုလှုပ်ရှားမှုဆန္ဒပြသူများ အမျိူးသမီးငယ်တစ်ဦး ပထမဦးဆုံး သေနတ်ထိမှန်သေဆုံးခဲ့ပြီး ဆန္ဒပြသူများ လျော့နည်းကျဆင်းသွားပေမယ့် ပျဉ်းမနားမှာတော့ ပျောက်ကျားနည်းနဲ့ဆန္ဒပြသူတွေ နေ့စဉ် ရက်ဆက်ရှိနေဆဲလို့ သိရပါတယ်။

ဓါတ်ပုံ-CJ


KLY(VOM)

Voice of Myanmar

https://www.facebook.com/VoiceofMyanmarNews

ပျဉ်းမနားဆိုင်ကယ်သပိတ် ပစ်ခတ်ဖြိုခွဲခံရ နှစ်ဦး သေဆုံး ပျဉ်းမနားဆိုင်ကယ်သပိတ် ပစ်ခတ်ဖြိုခွဲခံရ နှစ်ဦး သေဆုံး Reviewed by THITHTOOLWIN on 19:41 Rating: 5

No comments:

Powered by Blogger.