ဟိုပင် တစ်ဝက်ချောင်းတံတား ၂ စင်းဗုံးခွဲခံရ



Share/Bookmark

 





April 28, 2021/ Kachin News Group

ဟိုပင်မြို့နှင့် ၂မိုင်ခန့်ဝေးသော တဝက်ချောင်း ကားလမ်းနှင့် ရထားလမ်း ၂ခု ဧပြီလ ၂၇ရက်နေ့ ည ၁၁နာရီခန့်က မိုင်းခွဲ ခံထားရကြောင်း သိရသည်။

ဟိုပင်မြို့အထွက် မြောက်ဘက် ကြာကြီးကွင်းကြာတွင် ကပ်ယက်ရှိသော တဝက်ချောင်းတံတားနှင့် မီးရထားလမ်း ၂ခု မိုင်းခွဲခံရကြောင်း ဒေသခံတစ်ဦးက ယခုလိုပြောသည်။

"ည ၁၁နာရီလောက်ရှိပြီ။ တံတား ၂ခုစလုံး မိုင်းခွဲခံရတယ်။ လူနဲ့ကားသွားတဲ့ကုန်းလမ်းတံတား ဘာမှမဖြစ်ဘူး။ သွားလို့ရတယ်။ ဒါပေမယ့် သံလမ်း မီးရထားလမ်းက တော်တော်လေး ဆိုးသွားတယ်။ တစ်ဖက်က သံဘောင်က ပျက်ထွက်သွားတယ်။ လောလောဆယ်သွားလို့မရသေးဘူး" ဟု ပြောဆိုသည်။

တံတားဗုံးခွဲခံရပြီးနောက် အဆိုပါ တံတားအနီးတွင် တပ်စွဲထားသော အာဏာသိမ်းစစ်တပ်ဘက်က လက်နက်ကြီး ၆ ကြိမ်ခန့် ပစ်ခတ်ခဲ့သည့်အသံ ကြားရသည်ဟု ဒေသခံများပြောသည်။


Kachin News Group

https://www.facebook.com/theKachinNews



Share/Bookmark

မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

အချိန်နဲ့တပြေးညီ သတင်းများ ဖတ်ရှုနိုင်ဖို့ facebook "like" ကို နှိပ်ပါ။ thithtoolwin9@gmail.com ကို လည်း သတင်းများ ဆက်သွယ်ပေးပို့နိုင်ပါသည်။
 

Last 7 days Pageviews

ကျန်းမာရေးနှင့် ဖျော်ဖြေရေး

တစ်ပတ်အတွင်း စိတ်ဝင်စားဖွယ်ရာ သတင်းများ