ဗန်းမော်မြို့တွင် ရက်ပိုင်းအတွင်း ဗုံးဆက်တိုက်ပေါက်ကွဲနေ



Share/Bookmark

April 28, 2021/ Kachin News Group

ဗန်မော်မြို့တွင် ရက်ပိုင်းအတွင်း ဗုံးပေါက်ကွဲမှု ၄ ကြိမ်ရှိခဲ့ပြီး ထိုအထဲတွင် အစိုးရစုပေါင်းရုံးနှင့် လေယာဉ်ကွင်းတို့ ပါဝင်ခဲ့သည်ဟု သိရသည်။

ဧပြီလ ၂၈ ရက်နေ့ ယနေ့ နံနက်ပိုင်း ၈နာရီခွဲအချိန်ခန့်တွင် ဗန်မော်မြို့တွင်း အစိုးရစုပေါင်းရုံးရှေ့တွင် ဗုံးပေါက်ကွဲမူတစ်ကြိမ် ဖြစ်ပွားခဲ့သည်ဟု ဒေသခံတစ်ဦးထံမှ သိရသည်။

"ဒီမနက် ၈နာရီခွဲလောက်မှာဟုတ်တယ်။ စုပေါင်းရုံးရှေ့မှာ ဟုတ်တယ်တဲ့။ အသံတအားကျယ်တယ်။ မြေကြီးတောင်ခါတယ်။ ဒီချိန်မှာက ဘယ်သူလုပ်တယ်ဆိုတာက ခွဲခြားပြီးပြောဖို့ အရမ်းခက်ခဲနေတယ်။ ဒီရက်ပိုင်းအတွင်းမှာဘဲ မြို့တွင်း ဗုံးပေါက်ကွဲမူ ဆက်တိုက်ဖြစ်နေတယ်" ဟု ပြောဆိုသည်။

ဧပြီလ ၂၅ နှင့် ၂၆ ရက်နေ့ကလည်း ဗန်းမော် လေယာဉ်ကွင်းအနီးတွင် ဗုံးစုစုပေါင်း ၃ ကြိမ် ပေါက်ကွဲခဲ့ကြောင်း ဒေသခံများပြောသည်။

ဗန်မော်ခရိုင် မိုးမောက်မြို့နယ်တွင် အာဏာသိမ်းစစ်တပ်နှင့် ကချင်လွတ်လပ်ရေးတပ်မတော် KIA တို့ တိုက်ပွဲ ပြင်းထန်လျက်ရှိနေပြီး အာဏာသိမ်းစစ်တပ်မှ လေယာဉ်ဖြင့် အကြိမ်ကြိမ်ဗုံးကြဲတိုက်ခိုက်မှုများ ပြုလုပ်နေသည်။


Kachin News Group

https://www.facebook.com/theKachinNews



Share/Bookmark

မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

အချိန်နဲ့တပြေးညီ သတင်းများ ဖတ်ရှုနိုင်ဖို့ facebook "like" ကို နှိပ်ပါ။ thithtoolwin9@gmail.com ကို လည်း သတင်းများ ဆက်သွယ်ပေးပို့နိုင်ပါသည်။
 

Last 7 days Pageviews

ကျန်းမာရေးနှင့် ဖျော်ဖြေရေး

တစ်ပတ်အတွင်း စိတ်ဝင်စားဖွယ်ရာ သတင်းများ