တမူးမြို့ ခရိုင်ရဲရုံးရှေ့ ဆိုင်ကယ်နဲ့ဖြတ်သွားတဲ့ ဒေသခံနှစ်ဦးသေနတ်နဲ့ပစ်ခံရ၊ တစ်ဦးသေဆုံး

တမူးမြို့ ခရိုင်ရဲရုံးရှေ့ ဆိုင်ကယ်နဲ့ဖြတ်သွားတဲ့ ဒေသခံနှစ်ဦးသေနတ်နဲ့ပစ်ခံရ၊ တစ်ဦးသေဆုံး စစ်ကိုင်းတိုင်း၊ တမူးမြို့က ဒေသခံတစ်ယောက်အိမ် ၂၀၂၁ ဧပြီလ ၁၀ရက်နေ့က မီးရှို့ခံရလို့ မီးသတ်နေစဉ် / Photo: CJ

စစ်ကိုင်းတိုင်း၊ တမူးမြို့မှာ ခရိုင်ရဲရုံးရှေ့ ဆိုင်ကယ်နဲ့ဖြတ်သွားတဲ့ ဒေသခံကို သေနတ်နဲ့ ပစ်ခတ်ခဲ့ရာ ဆိုင်ကယ်စီးလာသူ နှစ်ယောက်ထဲက တစ်ယောက် ဦးခေါင်းကျည်ထိပြီး သေဆုံးခဲ့တယ်လို့ ဒေသခံတွေထံက သိရပါတယ်။

ဒီကနေ့ ဧပြီလ ၁၁ ရက်နေ့ နေ့လယ် ၁ နာရီလောက်က ဖြစ်ပွားခဲ့တာဖြစ်ပါတယ်။ ပစ်ခတ်ခံရလို့ သေဆုံး သူဟာ ကိုထွန်းထွန်းဦး အသက် ၃၀ ကျော် အရွယ်ရှိသူဖြစ်ပါတယ်။ မနေ့က ဧပြီလ ၁၀ ရက်နေ့ကလည်း တမူးမြို့မှာ ဒေသခံတွေနဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ အပြန်အလှန်ပစ်ခတ်ခဲ့ကြပြီး ပြည်သူတွေထဲက ယောက် သေဆုံးခဲ့ပါတယ်။ ဒီလို ပစ်ခတ်မှုမှာ စစ်ကောင်စီဘက်ကလည်း အကျအဆုံးရှိတယ်လို့ သိထားရပေမယ့် ဘယ်နှစ်ယောက် ထိခိုက် ကျဆုံးခဲ့တယ်ဆိုတာကိုတော့ မသိရသေးပါဘူး။

မနေ့ညကလည်း တမူးမြို့ ဒေသခံတစ်ယောက်အိမ် မီးရှို့ခံခဲ့ရတယ်လို့ သိရပါတယ်။ မနေ့က တမူးမြို့မှာ ကျဆုံးသွားတဲ့ ပြည်သူတွေက ကိုကောင်းထက်ဇော် အသက် ၂၁ နှစ်နဲ့ ကိုအောင်ငြိမ်းထွေး အသက် ၂၀ တို့ဖြစ်ပါတယ်။


RFA Burmese

https://www.rfa.org/burmese/news/tamu-civilian-dead-04112021060128.html

တမူးမြို့ ခရိုင်ရဲရုံးရှေ့ ဆိုင်ကယ်နဲ့ဖြတ်သွားတဲ့ ဒေသခံနှစ်ဦးသေနတ်နဲ့ပစ်ခံရ၊ တစ်ဦးသေဆုံး  တမူးမြို့ ခရိုင်ရဲရုံးရှေ့ ဆိုင်ကယ်နဲ့ဖြတ်သွားတဲ့ ဒေသခံနှစ်ဦးသေနတ်နဲ့ပစ်ခံရ၊ တစ်ဦးသေဆုံး Reviewed by THITHTOOLWIN on 22:14 Rating: 5

No comments:

Powered by Blogger.