ကုလအထူးကိုယ်စားလှယ် ထိုင်းနိုင်ငံရောက်

ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်ရဲ့ အထူးကိုယ်စားလှယ် Christine Schraner Burgener

ကုလသမဂ္ဂအတွင်းရေးမှူးချုပ်ရဲ့ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ် Christine Schraner Burgener က ထိုင်းနိုင်ငံ ဘန်ကောက်မြို့တော်ကို ဒီကနေ့ သူရောက်သွားပြီဖြစ်တဲ့အကြောင်း တွစ်တာမှာ ရေးပါတယ်။

မြန်မာအာဏာသိမ်း စစ်ကောင်စီဘက်က သူ့ကိုလက်ခံဖို့ အဆင်သင့်မဖြစ်သေးဘူးလို့ မနေ့က ပြောထားတဲ့အပေါ် စိတ်မကောင်းဖြစ်ရတယ်လို့လည်း ရေးပါတယ်။ သူ့အနေနဲ့ နေပြည်တော်ကို အချိန်မရွေးသွားနိုင်တဲ့အကြောင်းနဲ့ အဆင်သင့်ပါပဲလို့ပြောပါတယ်။

တွေ့ဆုံဆွေးနွေးခြင်းက အကြမ်းဖက်နည်းလမ်းထက် ပိုပြီးသာလွန်ကောင်းမွန်ပါတယ်၊ အကြမ်းဖက်မှုဆိုတာ ရေရှည်တည်တံ့တဲ့ငြိမ်းချမ်းရေးအဖြေကို ဘယ်သောအခါမှ မပေးနိုင်ပါဘူးလို့ အထူးသံတမန်က ရေးထားပါတယ်။

အထူးကိုယ်စားလှယ် Christine Burgener ဟာ မြန်မာ့အရေး အာဆီယံနိုင်ငံတွေအပြင် တရုတ်နိုင်ငံနဲ့ပါ တွေ့ဆုံဆွေးနွေးဖို့ရှိပြီး ဒါဟာဖြင့် ဖေဖော်ဝါရီလ ၁ ရက်နေ့မှာ စစ်အာဏာသိမ်းပြီးကတည်းကဆိုရင် သူ့ရဲ့ ဒေသတွင်း ပထမဆုံးခရီးစဉ်ဖြစ်ပါတယ်။


ဗွီအိုအေ (မြန်မာပိုင်း)

https://burmese.voanews.com/a/christine-schraner-burgener-arrived-thai/5847084.html

ကုလအထူးကိုယ်စားလှယ် ထိုင်းနိုင်ငံရောက် ကုလအထူးကိုယ်စားလှယ် ထိုင်းနိုင်ငံရောက် Reviewed by THITHTOOLWIN on 21:30 Rating: 5

No comments:

Powered by Blogger.