မြန်မာနိုင်ငံဆိုင်ရာ ကုလ အထူးကိုယ်စားလှယ် ဘန်ကောက်ကိုရောက်လာ


(၉-၄-၂၀၂၁)

ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်ရဲ့ မြန်မာနိုင်ငံဆိုင်ရာအထူးကိုယ်စားလှယ် Christine Schraner Burgener ဟာ ပြီးခဲ့တဲ့နာရီပိုင်းကပဲ ထိုင်းနိုင်ငံ ဘန်ကောက်မြို့ကိုရောက်ရှိလာပါတယ်။

ဒီခရီးစဉ်ဟာ မြန်မာနိုင်ငံက အာဏာသိမ်းအကြမ်းဖက်စစ်ကောင်စီကို နားချဆွေးနွေးနိုင်ဖို့လို့မျှော်လင့်ရပေမယ့် အကြမ်းဖက်စစ်ဗိုလ်တွေဖက်က သူမနဲ့တွေ့ဖို့ အဆင်သင့် မဖြစ်သေးကြောင်းပြောထားပါတယ်။

“ဒေသတွင်း ဆွေးနွေးမှုတွေလုပ်ဖို့ အခုလေးတင် ကျမ ဘန်ကောက်ကိုရောက်လာတာပါ။ တပ်မတော်ဖက်ကတော့ ကျမကို လက်ခံဖို့ အဆင်သင့်မဖြစ်သေးဘူးလို့ မနေ့က အကြောင်းပြန်ထားပါတယ်။ ဒီအတွက် စိတ်မကောင်းဖြစ်ရပါတယ်။ ကျမဖက်ကတော့ နေပြည်တော်ကို အချိန်မရွေးသွားနိုင်ပါတယ်။ တွေ့ဆုံဆွေးနွေးခြင်းက အကြမ်းနည်းထက် သာလွန်ကောင်းမွန်ပါတယ်။ အကြမ်းဖက်မှုဆိုတာ ရေရှည်တည်တံ့တဲ့ ငြိမ်းချမ်းရေး အဖြေကို ဘယ်သောအခါမှ မပေးနိုင်ပါဘူး” လို့ အထူးကိုယ်စားလှယ်က တွစ်တာကတဆင့် သတင်းထုတ်ပြန်ထားပါတယ်။


Burma News Network

https://www.facebook.com/burmanewsnetwork

မြန်မာနိုင်ငံဆိုင်ရာ ကုလ အထူးကိုယ်စားလှယ် ဘန်ကောက်ကိုရောက်လာ မြန်မာနိုင်ငံဆိုင်ရာ ကုလ အထူးကိုယ်စားလှယ် ဘန်ကောက်ကိုရောက်လာ Reviewed by THITHTOOLWIN on 21:26 Rating: 5

No comments:

Powered by Blogger.