မင်းတပ်မှာစစ်ကောင်စီတပ်နဲ့ ဒေသခံတွေ အပြန်အလှန် ပစ်ခတ်မှုတွေဖြစ်

မင်းတပ်မြို့က စစ်ကောင်စီ ဆန့်ကျင်ရေးဆန္ဒပြပွဲ

ချင်းပြည်နယ်တောင်ပိုင်း၊ မင်းတပ်မြို့၊ ဂေါက်ကွင်းအနီး မှာ ဧပြီလ ၂၆ ရက် မွန်းလွဲ သုံးနာရီခွဲခန့်က ဒေသခံပြည်တွေနဲ့ အာဏာသိမ်းစစ်ကောင်စီတပ်ဖွဲ့တို့ အပြန်အလှန် ပစ်ခတ်မှု ဖြစ်ပွားခဲ့တယ်လို့ ဒေသခံတွေက ဘီဘီစီကိုပြောပါတယ်။

မင်းတပ်မြို့အရှေ့ဘက်ဂေါက်ကွင်းနားမှာဖြစ်နေသလို မင်းတပ်မြို့အနောက်ဘက်မှာလည်း ပစ်ခတ်မှုတွေ ဖြစ်နေတယ်လို့ဒေသခံတွေက ပြောပါတယ်။

ပြီးခဲ့တဲ့ဧပြီလ ၂၄ ရက်က ပြောက်ကျားသပိတ်ပြုလုပ်တဲ့ မင်းတပ်မြို့ခံ လူငယ် ၆ဦး ကို အာဏာသိမ်းစစ်ကောင်စီက ဖမ်းဆီးခဲ့ပြီးနောက် ညပိုင်းမှာ ပစ်ခတ်မှုတွေစတင် ဖြစ်ပွားခဲ့တာလို့လည်း‌သိရပါတယ်။

အခုလို ပစ်ခတ်မှုကြောင့် မင်းတပ်-မတူပီ ကားလမ်း အနီးတစ်ဝိုက်မှာ နေထိုင်ကြသူတွေ ထွက်ပြေး တိမ်းရှောင်နေကြရတယ်လို့ ဒေသခံတွေကပြောပါတယ်၊

မတူပီဘက်က ဆင်းလာတဲ့စစ်ကူတွေကို မင်းတပ်ဒေသခံတွေက ကြားဖြတ်တိုက်ခိုက်မှုကြောင့် စစ်ကောင်စီဘက်က ၅ ဦးထက်မနည်း ကျဆုံးတယ်လို့ပြောပေမဲ့ ဘီဘီစီက သီးခြားအတည်ပြုလို့မရသေးပါဘူး။

ဒေသခံတွေဘက်ကတော့ ထိခိုက်ကျဆုံးသူ မရှိသေးဘူးလို့လည်း သူတို့ကပြောပါတယ်။


BBC Burmese

https://www.bbc.com/burmese/live/burma-56833883

မင်းတပ်မှာစစ်ကောင်စီတပ်နဲ့ ဒေသခံတွေ အပြန်အလှန် ပစ်ခတ်မှုတွေဖြစ်  မင်းတပ်မှာစစ်ကောင်စီတပ်နဲ့ ဒေသခံတွေ အပြန်အလှန် ပစ်ခတ်မှုတွေဖြစ် Reviewed by THITHTOOLWIN on 18:55 Rating: 5

No comments:

Powered by Blogger.