ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ သတင်းထုတ်ပြန်ချက် အမှတ်( ၁၃ )



ရက်စွဲ။     ။၂၀၂၁ ခုနှစ်၊ ဧပြီလ၊ ၂၆ ရက်။

ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ(CRPH)၏ ဥက္ကဌ အဖြစ် ဦးအောင်ကြည်ညွန့် အားလည်းကောင်း၊အတွင်းရေးမှူးအဖွဲ့ဝင်များအဖြစ် (၁)ဒေါ်ဖြူဖြူသင်း၊ (၂)ဦးထွန်းမြင့် ၊(၃)ဦးလမင်းထွန်း (ခ)အဖြိုး  တို့အားလည်းကောင်း၊ကျန်ကော်မတီဝင်များကို အဖွဲ့ဝင်များ အဖြစ် လည်းကောင်း တာဝန် ခွဲဝေ၍ ထမ်းဆောင်သွားမည်ဖြစ်သည်။

ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ(CRPH)၏ ၂၁-၄-၂၀၂၁ ရက်တွင် ကျင်းပသော အစည်းအဝေးဆုံးဖြတ်ချက်အရ အောက်ပါရေးရာကော်မတီ ၈ ခုဖြင့်ဖွဲ့စည်းဆောင်ရွက် သွားမည် ဖြစ်ပါကြောင်း သတင်းထုတ်ပြန်အပ်ပါသည်။

၁။ ဥပဒေရေးရာကော်မတီ

၂။ လွှတ်တော်ကိုယ်စားလှယ်စိစစ်ရေးကော်မတီ

၃။ ဘဏ္ဍာရေးရာကော်မတီ

၄။ ပြည်သူ့ရေးရာကော်မတီ

၅။ ဖက်ဒရယ်ရေးရာကော်မတီ

၆။ လုံခြုံရေးနှင့်ကာကွယ်ရေးဆိုင်ရာကော်မတီ

၇။ နိုင်ငံတကာဆက်ဆံရေးကော်မတီ

၈။ သတင်းနှင့်ပြန်ကြားရေးဆိုင်ရာကော်မတီ

 ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ


Committee Representing Pyidaungsu Hluttaw - CRPH

https://www.facebook.com/crph.official.mm/

ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ သတင်းထုတ်ပြန်ချက် အမှတ်( ၁၃ ) ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ သတင်းထုတ်ပြန်ချက် အမှတ်(  ၁၃  ) Reviewed by THITHTOOLWIN on 18:53 Rating: 5

No comments:

Powered by Blogger.