"ရန်ကိုကုန်အောင် ရှင်းမယ်" ဆိုတဲ့ ရန်ကုန်ကသပိတ်



"ရန်ကိုကုန်အောင် ရှင်းမယ်" ဆိုတဲ့ ရန်ကုန်ကသပိတ်

ရန်ကုန်မြို့မှာ စမ်းချောင်း၊ ရန်ကင်း၊ ပုဇွန်တောင်၊ ဗိုလ်တထောင် အစရှိတဲ့မြို့နယ်တချို့က လူငယ်ရာကျော်ဟာ "ရန်ကိုကုန်အောင် ရှင်းမယ့် ရန်ကုန်သပိတ်စစ်ကြောင်း" နာမည်နဲ့ စစ်အာဏာရှင် စနစ်ဆန့်ကျင်ရေးဆန္ဒပြပွဲကို ဒီနေ့ ဧပြီလ ၂၆ ရက်မှာ ပြုလုပ်သွားပါတယ်။

ဆန္ဒပြသူတွေဟာ စစ်ကောင်စီတပ်တွေရဲ့ နေ့ရောညပါ ဖြိုခွင်းမှုတွေရှိခဲ့တဲ့ ယူဇနပလာဇာရှေ့လမ်းကြောင်းအပါအဝင် ရန်ကုန်မြို့လမ်းမတချို့မှာ လှည့်လည်ဆန္ဒထုတ်ဖော်ခဲ့ကြတာပါ။

စစ်ကောင်စီတပ်တွေရဲ့ ကင်းလှည့်တင်းကျပ်မှုတွေရှိနေပေမဲ့ အခုရက်ပိုင်းတွေအတွင်း ရန်ကုန်မှာ စစ်အာဏာရှင်ဆန့်ကျင်ရေး လူထုရဲ့ပြောက်ကျားသပိတ်တွေ ခပ်စိပ်စိပ်ပြန်ထွက်လာနေတာကို မြင်တွေ့ရပါတယ်။


BBC Burmese

https://www.bbc.com/burmese/live/burma-56833883

"ရန်ကိုကုန်အောင် ရှင်းမယ်" ဆိုတဲ့ ရန်ကုန်ကသပိတ်  "ရန်ကိုကုန်အောင် ရှင်းမယ်" ဆိုတဲ့ ရန်ကုန်ကသပိတ် Reviewed by THITHTOOLWIN on 18:57 Rating: 5

No comments:

Powered by Blogger.